မြန်မာဘာသာဖြင့် ထုတ်သည့် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း လုပ်ငန်း နိုင်ငံခြားသား လုံးဝ ခွင့်မပြု

958
မြန်မာဘာသာနဲ့ ပုံမှန်ထုတ်ဝေတဲ့ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း ပုံနှိပ်၊ ထုတ်ဝေနဲ့ ဖြန့်ချိခြင်း လုပ်ငန်းတွေမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုံးဝခွင့်မပြုကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ဒီဗွီဘီကို ပြောပါတယ်။
ဇန်န၀ါရီ ၃၁ ရက်နေ့က ထုတ်ပြန်တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ အမိန့်ကြော်ငြာစာထဲမှာလည်း မြန်မာဘာသာအပါအ၀င် တိုင်းရင်းသားဘာသာနဲ့ ထုတ်ဝေတဲ့ အချိန်မှန်ထုတ် စာနယ်ဇင်းပုံနှိပ်ဖြန့်ချိခြင်းကို နိုင်ငံခြားသားတွေ ရင်းနှီးမြှုပ်နှံဖို့ ခွင့်မပြုတဲ့ စီးပွားရေးလုပ်ငန်း အမျိုးအစားတွေမှာ ထည့်သွင်းထားပါတယ်။
ဒါပေမယ့် အင်္ဂလိပ် အပါအ၀င် နိုင်ငံခြားဘာသာနဲ့ ထုတ်ဝေတဲ့ စာနယ်ဇင်းလုပ်ငန်းတွေကိုတော့ ပြန်ကြားရေးဝန်ကြီးဌာန မှတ်ချက်နဲ့ ထုတ်ဝေနိုင်တယ်လို့ သူက ပြောပြပါတယ်။