ICJ တရားရုံး၌ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် စွပ်စွဲတိုင်တန်းချက်များ
DVB
·
December 10, 2019
မြန်မာနိုင်ငံအနေဖြင့် လူမျိုးသုဉ်းသတ်ဖြတ်မှု ကာကွယ်ခြင်းနှင့် အပြစ်ပေး အရေးယူခြင်းဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက် ပုဒ်မ ၁၊ ၃၊ ၄၊ ၅ နှင့် ၆ တို့ကို ချိုးဖောက်ခြင်းအတွက် တာဝန်ရှိသည်ဟု ဂမ်ဘီယာနိုင်ငံက မှတ်ယူ သုံးသပ်သည်။
မြန်မာနိုင်ငံသည် သဘောတူစာချုပ်၏
-ပုဒ်မ(၃)၊ အပိုဒ်ခွဲ(က)ကို ချိုးဖောက်ပြီး လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခြင်း။
-ပုဒ်မ(၃)၊ အပိုဒ်ခွဲ(ခ)ကို ဖောက်ဖျက်ပြီး လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ရန် လျှို့ဝှက်ပူးပေါင်းကြံစည်ခြင်း။
-ပုဒ်မ(၃)၊ အပိုဒ်ခွဲ(ဂ) ကိုဖောက်ဖျက်ပြီး လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ရန် လူအများကို လှုံ့ဆော်ခြင်းနှင့် စီမံညွှန်ကြားခြင်း။
-ပုဒ်မ(၃)၊ အပိုဒ်ခွဲ(ဃ) ကိုဖောက်ဖျက်ပြီး လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ရန် ကြိုးပမ်း ကြံစည်ခြင်း။
-ပုဒ်မ(၃)၊ အပိုဒ်ခွဲ(င)ကို ချိုးဖောက်၍ လူမျိုးတုံးသတ်ဖြတ်မှုအား ပါဝင်ကျူးလွန်ခြင်း။
-ပုဒ်မ(၁)ကို ချိုးဖောက်ပြီး လူမျိုးတုံးသတ်ဖြတ်မှုအား တားဆီးရန် ပျက်ကွက်ခြင်း။
-ပုဒ်မ(၁)၊ ပုဒ်မ(၄)နှင့် ပုဒ်မ(၆)တို့ကို ချိုးဖောက်ပြီး လူမျိုးတုံး သတ်ဖြတ်မှု အား အပြစ်ပေးရန် ပျက်ကွက်ခြင်း။
-ပုဒ်မ(၃)တွင် ပြဋ္ဌာန်းထားသော လူမျိုးတုံးသတ်ဖြတ်မှု ပြစ်မှုများကို ကျူးလွန်သူများနှင့် ပုဒ်မ(၅) ကိုချိုးဖောက်သူများအတွက် ထိရောက်သည့် ပြစ်ဒဏ်စီရင်နိုင်ရန် လိုအပ်သည့် ဥပဒေပြဋ္ဌာန်းရန် ပျက်ကွက်ခြင်း။
(မြန်မာနိုင်ငံနှင့် ပတ်သက်ပြီးဂမ်ဘီယာနို်ငငံက အပြည်ပြည်ဆိုင်ရာတရားရုံး (အိုင်စီဂျေ)သို့ တင်သွင်းသည့် စာမျက်နှာ ၄၅ ပါ ဦးတိုက်လျောက်ထားလွှာကို စီလျော်သလို ဘာသာပြန် ဖော်ပြထားခြင်းဖြစ်သည်။)