လှိုင်မြို့နယ်၊ ဘုရင်နောင်လမ်းမကြီး နဲ့ ဘူတာရုံလမ်းထောင့်မှာရှိတဲ့ ပတ်ဝန်ကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနပိုင် အမှတ် ၂ အထပ်သားစက်ရုံ အနောက်ဘက်က သစ်ဆိပ်မှာ ဒီနေ့ ညနေ ၄း၁၅ နာရီအချိန်ခန့်က မီးလောင်မှုတခု ဖြစ်ပွားခဲ့ပါတယ်။
လောင်စာဆီတင်သင်္ဘော ကောင်းမြတ်ကျော် ရေယာဉ်နဲ့ အောင်သုခ ရေယာဉ်တို့က စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး လောင်စာဆီဆိပ်ကမ်းကနေ သစ်ဆိပ်ကမ်းဘက်ကိုမျှောပြီး သစ်ဆိပ်ကမ်းကိုပါ မီးအနည်းငယ်လောင်ကျွမ်းခဲ့တာပါ။
မီးသတ်ကား ၃၈ စီးနဲ့ အထောက်အကူပြုယာဉ် ၇ စီး အသုံးပြုမီးငြိမ်းသတ်ခဲ့ပြီး ညနေ ၆း၂၀ နာရီမှာ မီးငြိမ်းသတ်နိုင်ခဲ့ပါတယ်။ နောက်ဆုံးရသတင်းတွေအရ လူသေဆုံးမှု နဲ့ ဒဏ်ရာရမှု ရှိခဲ့တယ်လို့ သိရပါတယ်။
Read more