ICJ တွင် တရားရင်ဆိုင်မည့် နိုင်ငံတော်အတိုင်ပင်ခံအား ကလေးမြို့လူထု ထောင်ချီ ထောက်ခံ
DVB
·
December 10, 2019
အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ မြန်မာ့အရေး သွားရောက် တရားရင်ဆိုင်မယ့် နိုင်ငံတော် အတိုင်ပင်ခံအား ထောက်ခံပွဲကို ကလေးမြို့မှာ ဒီနေ့ကျင်းပခဲ့ပြီး လူဦးရေ ထောင်ချီပါဝင်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံရဲ့ အကျိုးစားပွားကို ကာကွယ်ဖို့အတွက် တရားမျှတမှုနဲ့ အမှန်တရားကို ဖော်ဆောင်နိုင်ရေး၊ နိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တာ၀န်ယူမှု တာ၀န်ခံမှုရှိတဲ့ စိတ်ဓာတ်နဲ့ သတ္တိကို ပြည်သူများ သွေးစည်းညီညွတ်မှုနဲ့ အားပေးထောက်ခံခြင်းနဲ့ လူသားဆိုင်ရာ ကျင့်၀တ်စံနှုန်းတွေကို လိုက်နာကျင့်သုံးတဲ့ ယာဉ်ကျေးပြီး ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံတော်နဲ့ မြန်မာ့ လူ့အသိုင်းအဝိုင်းကို အနာဂတ်ထိ လက်ဆင့်ကမ်းလွှဲပြောင်းနိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ထောက်ခံခဲ့ကြတာလို့ ဆိုပါတယ်။
လူထုခေါင်းခေါင် ထောက်ခံပွဲကို ကလေးမြို့ ရွှေဘုံသာ စေတီကနေ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တု ထားရှိရာကွင်းထိ အင်းအား နှစ်ထောင်ခန့် လမ်းလျှောက် ထောက်ခံမှု ပြုလုပ်ခဲ့ကြတာပါ။
လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာအပေါ် နယ်သာလန်နိုင်ငံ သည်ဟိဟ်မြို့မှာ တရားစွဲဆိုထားတာဖြစ်ပြီး ဒီဇင်ဘာ ၁၀ ရက်ကနေ ၁၂ ရက်အထိ ကြားနာမှာပါ။
မင်းရဲစစ်နိုင်