Homeမြန်မာသတင်း
မြိတ်မြို့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ထောက်ခံပွဲ လူအင်အား သောင်းချီပါဝင်ဆင်နွှဲ
မြိတ်မြို့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ထောက်ခံပွဲ လူအင်အား သောင်းချီပါဝင်ဆင်နွှဲ
DVB
·
December 10, 2019
အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ နိုင်ငံတော် အကျိုးစီးပွားကာကွယ်ဖို့အတွက် သွားရောက်ရင်ဆိုင်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ရပ်တည်ကြောင်း ပြသတဲ့လူထုထောက်ခံပွဲကို တနင်္သာရီတိုင်း မြိတ်မြို့မှာ ဒီဇင်ဘာ ၉ ရက် ညနေပိုင်းက လူအင်အား ၁၀၀၀၀ ဝန်းကျင်နဲ့ ကျင်းပသွားပါတယ်။
အဆိုပါလူထုထောက်ခံပွဲကို မြိတ်မြို့ ကမ်းနားလမ်းစုရပ်ကနေ ကမ်းနားလမ်း သဲကွင်းထိကို ချီတက်ခဲ့ကြပြီး သဲကွင်းစုရပ်မှာတော့ ထောက်ခံပွဲ တက်ရောက်လာတဲ့သူတွေက နိုင်ငံတော် သီချင်းနဲ့ သွေးသစ္စာသီချင်းသီဆိုခဲ့ကြသလို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပေးပို့လာတဲ့ ထုတ်ပြန်ချက်ကိုလည်း တက်ရောက်ဖတ်ကြားခဲ့ကြပါတယ်။
မြိတ်မြို့မှာပြုလုပ်တဲ့ အခုလူထုထောက်ခံပွဲကို မြိတ်ခရိုင်အတွင်းက တနင်္သာရီမြို့နယ်၊ ပုလောမြို့နယ်၊ ကျွန်းစုမြို့နယ်တို့က ဒေသခံတွေနဲ့ ပါတီဝင်တွေ လာရောက်ပူးပေါင်း ဆောင်ရွက်ခဲ့ ကြပါတယ်။
ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့က တရားစွဲဆိုထားတာဖြစ်ပြီး ICJ တရားရုံးမှာ ဒီဇင်ဘာ ၁၀ ရက်မှ ၁၂ရက်နေ့အထိ နှစ်ဘက် လျှောက်လဲချက် တင်သွင်းရမှာ ဖြစ်ပါတယ်။
သတင်း - အောင်ကျော်