Homeမြန်မာသတင်း
မြန်မာကိုတရားစွဲဆိုမှု ထောက်ခံကြောင်းနှင့် စီးပွားရေးဝိုင်းပိတ်ဆို့ကြရန် ရှမ်းအဖွဲ့ ၁၇ ဖွဲ့တောင်းဆို
မြန်မာကိုတရားစွဲဆိုမှု ထောက်ခံကြောင်းနှင့် စီးပွားရေးဝိုင်းပိတ်ဆို့ကြရန် ရှမ်းအဖွဲ့ ၁၇ ဖွဲ့တောင်းဆို
DVB
·
December 9, 2019
မြန်မာအစိုးရစစ်တပ်ကို အပြည်ပြည်ဆိုင်ရာဥပဒေအရ အရေးယူမှုကို ထောက်ခံတဲ့အကြောင်း နဲ့ မြန်မာပြည်ရဲ့ စီးပွားရေးကို ဝိုင်းဝန်းပိတ်ဆို့ကြရန် ရှမ်းအရပ်ဖက်အဖွဲ့အစည်း ၁၇ ဖွဲ့က ပူးပေါင်း တောင်းဆို လိုက်ပါတယ်။
တိုင်းပြည်အတွင်း တိုင်းရင်းသားလူမျိုးတွေအပေါ် ဆယ်စုနှစ်ကြာ ရက်စက်ကြမ်းကြုတ်စွာ ပြုကျင့်နေသူတွေကို နိုင်ငံတကာဆိုင်ရာဥပဒေအရ အရေးယူမယ့်အပေါ် ရှမ်းလူမှုအသိုင်းအဝိုင်း များက လက်မှတ်ရေးထိုးအပြည့်အဝထောက်ခံတယ်လို့ ဒီကနေ့ ပူးတွဲကြေညာချက်မှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)၊ အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာတရားရုံး (ICC)နဲ့ အာဂျင်တီးနားနိုင်ငံတရားရုံးတွေမှာ တရားစွဲဆိုထားတဲ့ အမှုတွေကို အားပေးထောက်ခံ လိုက်တာဖြစ်ပါတယ်။
ကမ္ဘာ့လူ့အဖွဲ့အစည်းအနေနဲ့ မြန်မာပြည်စီးပွားရေးပိတ်ဆို့ခြင်း အပါအဝင် ဖိအားပေးဖို့၊ တိုင်းရင်းသားဒေသတွေမှာ မြန်မာစစ်တပ်ကထိုးစစ်ဆင်နေတာကို ရပ်တန့်ဖို့၊ ပြည်တွင်းစစ်ရပ်ဖို့နဲ့ စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲစတင်ဖို့လည်း ရှမ်းအဖွဲ့အစည်းတွေက တိုက်တွန်းထားပါတယ်။