A d v e r t i s e m e n t With Us

နယူးဒေလီတွင် ၆ ထပ်အမြင့်စက်ရုံ မီးလောင်၊ လူ  ၄၃ ဦး သေဆုံး

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ဒီဇင်ဘာ ၈ ရက်နေ့က ၆ ထပ်အမြင့်ရှိတဲ့ စက်ရုံတခု မီးလောင်တာကြောင့် လူ ၄၃ ယောက် သေဆုံးခဲ့တယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီစက်ရုံဟာ လက်ကိုင်အိတ် ထုတ်လုပ်တဲ့စက်ရုံဖြစ်ပြီး ကုန်ကြမ်းပစ္စည်းတွေ အများအပြား သိုလှောင်တာကြောင့် လျင်လျင်မြန်မြန် မီးကူးခဲ့တာလို့ ပြည်တွင်းမီဒီယာတွေက ဖော်ပြကြပါတယ်။ စက်ရုံဝန်ထမ်းတွေ အိပ်မောကျနေချိန်မှာ မီးလောင်ခဲ့တာဖြစ်ပြီး မီးလောင်တဲ့ အကြောင်းအရင်းကိုတော့ အာဏာပိုင်တွေက ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။ အဲဒီစက်ရုံဟာ လူနေထူထပ်တဲ့ ရပ်ကွက်ထဲမှာ တည်ရှိပါတယ်။ လက်ရှိမှာတော့ မီးငြိမ်းသွားပေမယ့် စက်ရုံထဲမှာ ပိတ်မိနေသူ ရှိ၊ မရှိကို အမျိုးသားသဘာဝဘေး ကယ်ဆယ်ရေးအဖွဲ့က ဝင်ရောက်ရှာဖွေနေတယ်လို့ ရဲအရာရှိတယောက်က ပြောပါတယ်။ အဲဒီမီးလောင်မှုနဲ့ပတ်သက်လို့ အမှုဖွင့် စုံစမ်းစစ်ဆေးပြီး အရေးယူသွားမယ်လို့ စားနပ်ရိက္ခာနဲ့ အရပ်ဘက် ထောက်ပံ့ရေးဝန်ကြီး အီမရန်ဟူစိန်က သတင်းထောက်တွေကို ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up