Friday, June 9, 2023
Homeမွနျမာသတငျးဘားအံမြို့နယ်တွင် လေပြင်းတိုက်၊ လူနေအိမ်နှင့် စိုက်ပျိုးရေးလုပ်ငန်းများ ပျက်စီး

ဘားအံမြို့နယ်တွင် လေပြင်းတိုက်၊ လူနေအိမ်နှင့် စိုက်ပျိုးရေးလုပ်ငန်းများ ပျက်စီး

ကရင်ပြည်နယ် ဘားအံမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ရုတ်တရက် လေပြင်းတိုက်ခတ်သွားတာကြောင့် လူနေအိမ်တွေနဲ့  စိုက်ပျိုးရေးလုပ်ငန်းတွေ ထိခိုက်ပျက်စီးမှုရှိခဲ့ပါတယ်။

ဓာတ်ပုံ - မြန်မာ့အလင်း

ပြီးခဲ့တဲ့ ဇန်န၀ါရီ ၃၁ ရက်နေ့ မနက်က ဘားအံမြို့နဲ့  ၁၀ မိုင်လောက်ဝေးတဲ့ သံလွင်မြစ် အနောက်ဘက်ခြမ်းမှာရှိတဲ့ ဘုရင်ညီ၊ အထက်ကော့ရင်း၊ အောက်ကော့ရင်း ၊ နောင်ကျန်၊   ကော့မှူးသီး စတဲ့ကျေးရွာတွေမှာ မိုးတွေ ရုတ်တရက်ရွာပြီး လေပြင်း ၀င်ရောက်တိုက်ခတ်သွားခဲ့တာပါ။

လေပြင်းကြောင့် ပျက်စီးဆုံးရှုံးမှုတွေနဲ့ပတ်သက်ပြီး အောက်ကော့ရင်းကျေးရွာနေ ဦးစောမြတ်ထွန်းက “အောက်ကော့ရင်း အထက်မှာ ဖြတ်သွားတာ။ အချိန်က မနက်ပိုင်း ၈ နာရီလောက်မှာ၊ အိမ်တွေပြိုတယ်။ လယ်သမားတွေရဲ့ စပါးတွေ ပျက်တယ်။ ပဲခင်း၊ စပါးခင်းတွေ ပျက်တယ်။ ပျက်စီးတာ လယ်ဧက ၂၀၀ လောက်ရှိတယ်။ ကော့မှူးသီး အမက စာသင်ကျောင်း ပျက်စီးတယ်။ အကူညီတွေကတော့ ဘာမှ မလုပ်ရသေးဘူး။”

ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာတော့  လေပြင်းတွေကြောင့် ဘားအံမြို့ နယ်အတွင်း လူနေအိမ်ပေါင်း ၄၀ လောက် ပြိုကျပျက်စီးသွားပြီး လယ်မြေဧက ၃၀၀ လောက် ပျက်စီးဆုံးရှုံးကာ  လူ ၂  ဦး ဒဏ်ရာရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။

ဒေသခံ အုပ်ချုပ်ရေး အာဏာပိုင်တွေကတော့  လေဘေးဒဏ်ခံရသူတွေအတွက် နေအိမ်တွေ ပြန်ဆောက်ပေးဖို့နဲ့ စားနပ်ရိက္ခာ ကူညီပေးနေတယ်လို့လည်း ဆိုပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular