Saturday, June 10, 2023
HomeLead Storyအီရတ်အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများကို အမည်မသိ သေနတ်သမားများ ပစ်ခတ်၊ ၁၆ ဦး သေဆုံး

အီရတ်အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများကို အမည်မသိ သေနတ်သမားများ ပစ်ခတ်၊ ၁၆ ဦး သေဆုံး

အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒက်မှာ ဒီဇင်ဘာလ ၆ ရက်က အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေကို အမည်မသိ သေနတ်သမားတွေ ပစ်ခတ်လို့ ဆန္ဒပြသူ ၁၆ ယောက် သေဆုံးပြီး ၄၅ ယောက် ဒဏ်ရာရတယ်လို့  ပြည်ထဲရေးဝန်ကြီးဌာနက ပြောခဲ့ပါတယ်။   

အယ်ခါလန်နီရင်ပြင်ကို သေနတ်သမားတွေက ယာဉ်တန်းနဲ့ ရောက်လာပြီး ဆန္ဒပြသူတွေကို ပစ်ခဲ့တယ်လို့ အမည်မဖော်လိုသူ သတင်းပေးက Efe သတင်းဌာနကို ပြောပါတယ်။ 

ဆန္ဒပြလူအုပ်ထဲကို ရှီးယိုက်နိုင်ငံရေး ပါတီဝင်တွေနဲ့ ပြည်သူ့စစ်တွေ ထိုးဖောက် ဝင်ရောက်ပြီး လူအများအပြားကို တိုက်ခိုက်ခဲ့တယ်လို့ ဆန္ဒပြသူတွေနဲ့ သတင်းထောက်တွေက ပြောခဲ့ပါတယ်။ 

အယ်ခါလန်နီ ရင်ပြင်ဘေးက  အထပ်မြင့်ကားပါကင်ကို ဆန္ဒပြသူတွေက သိမ်းပိုက်ထားတာပါ။ နောက်ပြီး အဲဒီရင်ပြင်ဟာ အီရတ်ဝန်ကြီးချုပ် အဘူမာဒီကို နုတ်ထွက်စေခဲ့တဲ့ လှုပ်ရှားမှု ပြုလုပ်ရာ တာဟာရင်ပြင်နဲ့လည်း နီးပါတယ်။ 

ဒီဇင်ဘာလ ၆ ရက်က တာဟာရင်ပြင်မှာ လူထောင်ချီစုဝေးပြီး ဆန္ဒပြသူတွေရဲ့ တောင်းဆိုချက်ဟာ ဝန်ကြီးချုပ် နုတ်ထွက်ရုံသက်သက် မဟုတ်ဘူးလို့ ကြွေးကြော်ကြပါတယ်။  

Photo : EFE/EPA/MURTAJA LATEEF

RELATED ARTICLES
- Advertisment -
Google search engine

Most Popular