၄ လသားအရွယ်ကလေးငယ်ကို ဖခင်အရင်းက စိတ်ဖောက်ပြန်ကာ တူဖြင့်ထုသတ်
DVB
·
December 6, 2019
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်၊ မိုင်းဟန်အုပ်စု နားကောင်းမူးရွာ ရပ်ကွက်(၆)မှာ ဒီဇင်ဘာလ ၆ ရက် မနက်ပိုင်းက ၄ လသားအရွယ်သားငယ်ကို ဖခင်အရင်းဖြစ်သူက သုံးပေါင်တူနဲ့ ဦးခေါင်းကို ထုနှက်ခဲ့တာကြောင့် ပွဲချင်းပြီးသေဆုံးသွားပါတယ်။
ကလေးငယ်ဟာ ဦးခေါင်းထိပ်ညာဘက်ခြမ်းမှာ တူနဲ့ ထုထားခံရတာကြောင့် ဦးခေါင်းခွံကျိုးကာ ဦးနှောက်တွင်း သွေးယိုသေဆုံးခဲ့တာဖြစ်ပါတယ်။
ကလေးငယ်ရဲ့အဖွားဖြစ်သူ ဒေါ်နန်းထူးက "ကျမက အိမ်ရှေ့မှာ စျေးဆိုင်ဖွင့်ဖို့ အလုပ်လုပ်နေ တာပါ။ သမီးက ကလေးအဖေကို ကလေးထိန်းခိုင်းပြီး သူက စျေးဝယ်ဖို့ ထွက်သွားတဲ့ အချိန်မှာ သူက (ကလေးအဖေ)က အိမ်ထဲကထွက်လာပြီး လမ်းပေါ်ထွက်သွားလို့ လှမ်းမေးတာ ဘာမှမပြောဘဲ ဆက်လျောက်သွားလို့ အိမ်ထဲဝင်ကြည့်တော့ ကလေးကို စောင်နဲ့အုပ်ထားတာ မြင်လို့ စောင်လှပ်ကြည့်လိုက်တော့ ကလေးသေနေတာတွေ့လို့ သမီးကို ဖုန်းလှမ်းဆက်ပြီး မိုင်းတုံဆေးရုံကို ထွက်လာခဲ့တာ'' လို့ ပြောပါတယ်။
အသက် ၂၅ နှစ်အရွယ် ကိုးကန့်လူမျိုး တရားခံ လီရှောက်ချင် ဟာ မူးယစ်ဆေး သုံးစွဲမှုကြောင့် စိတ်ဂယောင်ချောက်ချား ဖြစ်လေ့ရှိသူဖြစ်လို့လည်းပြောပါတယ်။
တရားခံ လီရှောက်စိန် အသက်(၃၂)နှစ် ကိုနားကောင်းမူးနယ်မြေရဲစခန်းက(ပ)၁၅/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ၃၀၂ လူသတ်မှုဖြင့် အရေးယူဆောင်ရွက်နေပါတယ်။
အောင်ဇေယျ