ကာမလိမ်လည်မှုဖြင့် တရားစွဲခံထားရသည့် သရုပ်ဆောင်မိုးအောင်ရင် ရုံးချိန်းပျက်ကွက်
သူသူအောင်
·
December 6, 2019
ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင်မိုးအောင်ရင်ကို ရည်းစားဟောင်းက ကာမလိမ်လည်မှုနဲ့ တရားစွဲဆိုထားတဲ့အမှုအတွက် ပထမအကြိမ် ရုံးချိန်းကို ဒီကနေ့ ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်တရားရုံးမှာ ပြုလုပ်ပါတယ်။
မိုးအောင်ရင်ရဲ့ ရည်းစားဟောင်း တရားလို ခင်မြတ်နိုးက တရားရုံးကို လာရောက်ခဲ့ပေမယ့် စွပ်စွဲခံရတဲ့ မိုးအောင်ရင်ကတော့ ခရီးလွန်နေတာကြောင့် ခွင့်တိုင်ကြား ပျက်ကွက်ခဲ့ပါတယ်။
ဒါကြောင့် နောက်ထပ် ရုံးချိန်းကို လာမယ့် ဒီဇင်ဘာ ၁၃ ရက်နေ့ ပြန်လည်ချိန်းဆိုထားပါတယ်။