မောင်တောတွင် စိတ်ကြွဆေးပြား ၇ သိန်းကျော် သိမ်းဆည်းမိ
DVB
·
December 6, 2019
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ မနေ့က စိတ်ကြွဆေးပြား ၇ သိန်းကျော် သိမ်းဆည်းမိခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၅ ရက်နေ့ ၇ နာရီခွဲလောက်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ သတင်းအရ မောင်တောမြို့နယ်၊ ငန်းချောင်းကျေးရွာအတွင်း ဝင်ရောက်ရှာဖွေရာ တောင်ကြောပေါ်ရှိ ၂၀၁၆ ခုနှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ခွာသွားတဲ့ နူရ်မာမတ်ရဲ့ လူမနေသည့်နေအိမ်အတွင်းမှာ ဆာလာအိတ် ၄ အိတ်နဲ့ ထည့်တားတဲ့ WY/R စာတမ်းပါ စိတ်ကြွဆေးပြား ၇၂၁၅၀၀ ပြားအား ပိုင်ရှင် (စိစစ်ဆဲ) သိမ်းဆည်းမိဲခဲ့တာပါ။
မူးယစ်ဆေးဝါးများပိုင်ရှင် (စိစစ်ဆဲ)ကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားတယ်လို့ သိရပါတယ်။