အိန္ဒိယတွင် အဓမ္မပြုကျင့်ခံရသူမိန်းကလေး မီးရှို့ခံရ

Reuters
853
အိန္ဒိယမြောက်ပိုင်း ဥတာပရာဒေ့ရှ်ပြည်နယ်မှာ ဒီဇင်ဘာလ ၅ ရက်က အဓမ္မပြုကျင့်ခံရသူ မိန်းကလေးတယောက်ဟာ ပြုကျင့်သူအပါအဝင် လူတစုရဲ့ မီးရှို့ခြင်းကို ခံခဲ့ရပါတယ်။
အသက် ၂၃ နှစ်အရွယ် မီးရှို့ခံရသူ မိန်းကလေး အခြေအနေဟာ စိုးရိမ်ရတယ်လို့ လပ်ခ်နောင်း အရပ်ဘက်ဆေးရုံဆရာဝန်က ပြောခဲ့ပါတယ်။
အဲဒီမိန်းကလေးဟာ ၂၀၁၈ ခုနှစ်က သေနတ်နဲ့ ခြိမ်းခြောက်ကာ အဓမ္မပြုကျင့်ခံရတယ်ဆိုပြိး မတ်လတုန်းက အူကာနိုရဲစခန်းမှာ တိုင်ချက်ဖွင့်ခဲ့ပါတယ်။
ရထားစီးပြီး အူနာနိုတရားရုံးသွားမယ့် မိန်းကလေးဟာ လမ်းမှာ ရေနံဆီလောင်း မီးရှို့ ခံရတယ်လို့ ရဲက ဆိုပါတယ်။
မီးရှို့ခံရသူ မိန်းကလေးရဲ့ ထွက်ဆိုချက်အရ မီးရှို့တဲ့ လူ ၅ ယောက်ထဲမှာ သူ့ကို အဓမ္မပြုကျင့်သူလို့ စွပ်စွဲခံရသူလည်း ပါဝင်တယ်လို့ သိရပါတယ်။
ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ လူ ၅ ယောက်ကို ထိန်းသိမ်းခဲ့တယ်လို့ ဥတာပရာဒေ့ရှ် ရဲတပ်ဖွဲ့က တွစ်တာမှာရေးသားခဲ့ပါတယ်။
အဓမ္မပြုကျင့်သူဆိုပြီး စွပ်စွဲခံရသူဟာ မကြာခဏ ထောင်ချခံရပြီး ပြီးခဲ့တဲ့ တပတ်ကမှ အာမခံနဲ့ ပြန်လွတ်လာတာလို့ လပ်ခ်နောင်းမြို့ ရဲအရာရှိက ပြောခဲ့ပါတယ်။