ကြည့်ရှုသူ ၅ သန်းနီးပါးရှိနေသည့် အချစ်ဟာသဒရာမာရုပ်ရှင်-‘ရည်းစားတစ်ခုလပ်များ’(နမူနာ)
DVB
·
December 5, 2019
ဝါရင့် နာမည်ကြီး သရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ ကျော်ရဲအောင်၊ မင်းမော်ကွန်းနဲ့ ခိုင်သင်းကြည်တို့ပါဝင်တဲ့ ‘ရည်းစားတစ်ခုလပ်များ’ရုပ်ရှင်ကို လာမယ့် ဒီဇင်ဘာလ ၁၂ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
ဒီကားကိုတော့ Golden River ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပါတယ်။ နေစိုးသော်က ဇာတ်ညွှန်းခွဲထားပေးတဲ့ ဒီရုပ်ရှင်ကိုတော့ ဒါရိုက်တာ ရာဇဝင်ကိုက ရိုက်ကူးပုံဖော်ပေးထားတာပါ။
အချစ်ဟာသဒရာမာရုပ်ရှင်ကားတကားအနေနဲ့ ရိုက်ကူးပုံဖော်ထားတဲ့ ဒီရုပ်ရှင်ကားထဲ မှာတော့ ‘ရည်းစားတစ်ခုလပ်များ’ဆိုတဲ့အတိုင်း ဘယ်လိုဇာတ်လမ်းဇာတ်ကွက်တွေ၊ ရယ်မောပျော်ရွှင်စရာ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ရိုက်ကူးပုံဖော်ထားမလဲဆိုတာကိုတော့ မကြာခင်မှာပဲ ရှုစားကြရတော့မှာ ဖြစ်ပါတယ်။
ဒီကားထဲမှာ ကျော်ရဲအောင်၊ မင်းမော်ကွန်းနဲ့ ခိုင်သင်းကြည်တို့နဲ့အတူ တခြားသ ရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ သူရိယ၊ ခင်လှိုင်၊ ညီနန္ဒ၊ ယုသန္တာတင်၊ မေ သဉ္ဇာဦးစတဲ့ သရုပ်ဆောင်တွေလည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။
လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ကို ယူကျုဘ်ပေါ်မှာ ဝင်ရောက်ကြည့် ရှုကြတဲ့ အကြိမ်ရေ ၅ သန်းနီးပါးရှိနေခဲ့ပြီ ဖြစ်ပါတယ်။