အဲပုဂံလေယာဉ်ပျက်ကျမှု သတင်းစာရှင်းလင်းပွဲ
DVB
·
February 1, 2013
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၅ ရက်နေ့ နံနက်ပိုင်းက ဟဲဟိုးလေဆိပ်အနီးတွင် အဲပုဂံ လေယာဉ်ပျက်ကျခဲ့မှုဟာ လေယာဉ်မှူးရဲ့ စက္ကန့်ပိုင်းအတွင်း ဆုံးဖြတ်ချက်လွဲချော်မှုနဲ့ ကွက်ကျားဖုံးအုပ်နေသော မြူများကြောင့် ဖြစ်နိုင်ချေရှိကြောင်း ဒီနေ့မနက်က လေကြောင်းပညာသိပ္ပံကျောင်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ လေယာဉ်မတော်တဆ ထိခိုက်ပျက်စီးခြင်း စုံစမ်းစစ်ဆေးရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းဆွေထွန်းက ပြောကြားလိုက်ပါတယ်။
လက်ရှိအခြေအနေတွင် အသေးစိတ်အချက်အလက်များကို ဆက်လက်စုံစမ်းလျက်ရှိပြီး နောက်ဆုံးအစီရင်ခံစာကိုတော့ မကြာမီထုတ်ပြန်ပေးသွားမယ်လို့ဆိုပါတယ်။
Black Box မှ တွေ့ရှိချက်များအရ စက်ချို့ယွင်းမှု၊ လေယာဉ်အစိတ်အပိုင်းတခုခု ချို့ယွင်းပျက်စီးမှု၊ လေယာဉ်ကွင်းမှားယွင်းဆင်းသက်မှုနဲ့ အခြားလုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်ခံရမှုတို့နှင့် ပတ်သက်မှုမရှိဘူးလို့လည်း ဆိုပါတယ်။
ဓာတ်ပုံ - ကျော်ဇေယျာဝင်း Read more