ရန်ကုန်- မြိတ် အမြန်ရေယာဉ် ပြေးဆွဲမည်
DVB
·
February 1, 2013
လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ တနင်္သာရီတိုင်း မြိတ်မြို့နဲ့ ရန်ကုန်မြို့ကို ကမ်းရိုးတန်းသွား အမြန်ရေယာဉ် ပြေးဆွဲတော့မှာဖြစ်ကြောင်း ဧရာဝတီ Legend ကုမ္ပဏီ တာဝန်ရှိသူတဦးက ပြောပါတယ်။
ကမ်းရိုးတန်းသွား ရှပ်ပြေးရေယာဉ် ဖော်ကျွန်း အိပ်စ်ပရက်စ် အမှတ် ၇၂၇ နဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့က စတင် ပြေးဆွဲမှာဖြစ်ပြီး သင်္ဘောခ ကတော့ ကျပ် ၄ သောင်းဖြစ်ပါတယ်။
ဖော်ကျွန်းကုမ္ပဏီပိုင် ဒီရှပ်ပြေးရေယာဉ်တွေဟာ လမ်းပန်းဆက်သွယ်ရေး ခက်တဲ့ တနင်္သာရီတိုင်း ထားဝယ်- မြိတ်-ကော့သောင်း ခရီးစဉ်တွေကို ပြေးဆွဲနေပြီး ရန်ကုန်ကနေ ပြေးဆွဲဖို့ ခွင့်ပြုချက်ရတာကတော့ ဒါ ပထမဦးဆုံး ဖြစ်ပါတယ်။