မြို့နယ် ၅ ခုအတွင်း ဘိန်းဖြူ၊ ဘိန်းစိမ်းနှင့် စိတ်ကြွဆေးပြားများ ဖမ်းမိ
DVB
·
December 5, 2019
မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ မြို့နယ် ၅ ခုမှာ ဒီဇင်ဘာ ၄ ရက်က ဘိန်းဖြူ၊ ဘိန်းစိမ်းနဲ့ စိတ်ကြွဆေးပြားတွေ ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
မန္တလေးတိုင်း မိုးကုတ်မြို့နယ်က လယ်ကြီးတံတား စစ်ဆေးရေးဂိတ်မှ ဘိန်းဖြူ ၁၀ ဒသမ ၇၅ ကီလိုဂရမ်၊ ရှမ်းပြည်နယ် နမ်းခမ်းမြို့နယ်က မန့်ဟောင်းကူးတို့ဆိပ်မှ ဘိန်းဖြူ ၀ ဒသမ ၅၅ ကီလိုနဲ့ရွာငံမြို့နယ်က ရွာငံ-ကျောက်ဆည်ကားလမ်းပေါ်မှာ ဘိန်းစိမ်း ၆၁ ဒသမ ၅ ကီလို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
အလားတူ ပဲခူးတိုင်း တောင်ငူမြို့နယ် ၂၂ ရပ်ကွက်က တည်းခိုခန်းတခုမှာလည်း စိတ်ကြွဆေးပြား ၁၆၇၂၀ ပြား တွေ့ရှိခဲ့တဲ့အပြင် ရခိုင်ပြည်နယ် မောင်တောမြို့နယ် မောင်နီကျေးရွာက နေအိမ်တအိမ်မှ စိတ်ကြွဆေးပြား အကြေမှုန့် ၃ ဂရမ် တို့ကိုလည်း ဖမ်းဆီးရမိခဲ့ပါတယ်။
အခုလိုဖမ်းဆီရမိတာနဲ့ပတ်သက်လို့ မိုးကုန်မြို့နယ်မှာ အမျိုးသား ၂ ယောက်၊နမ်းခမ်းနဲ့ရွာငံမြို့နယ်မှာ အမျိုးသား ၁ ယောက်စီနဲ့တောင်ငူမြို့နယ်မှာ အမျိုးသား ၃ ယောက်၊မောင်တောမြို့နယ်မှာ အမျိုးသား ၁ ယောက်၊အမျိုးသမီး ၁ ယောက်တို့ကို သက်ဆိုင်ရာရဲစခန်းတွေက မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေ တတ်သောဆေးဝါးများဆိုင်ရာ ဥပဒေအရအရေးယူထားတယ်လို့ ပြည်ထဲရေးရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။