Homeမြန်မာသတင်း
ကေအိုင်အေနှင့်တိုက်ပွဲဖြစ်ပြီး လက်နက်နှင့်ကျည်ဆန်များ သိမ်းဆည်းရမိဟု တပ်မတော်ထုတ်ပြန်
ကေအိုင်အေနှင့်တိုက်ပွဲဖြစ်ပြီး လက်နက်နှင့်ကျည်ဆန်များ သိမ်းဆည်းရမိဟု တပ်မတော်ထုတ်ပြန်
DVB
·
December 5, 2019
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း တပ်မတော်နဲ့ ကေအိုင်အေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကေအိုင်အေတပ်ဖွဲထံကနေ လက်နက်နဲ့ ကျည်ဆန်တွေ သိမ်းဆည်းရမိတယ်လို့ ဒီဇင်ဘာလ ၄ ရက်နေ့က တပ်မတော်က ထုတ်ပြန်ပါတယ်။
ဝိုင်းမော်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်မတော်စစ်ကြောင်းတကြောင်းဟာ နိုဝင်ဘာ ၂၉ ရက် နေ့လယ် ၁၂ နာရီလောက်က နန်ဆန်ယန်ကျေးရွာရဲ့ အနောက်မြောက်ဘက် ၃ မိုင်လောက်အကွာအရောက် ကေအိုင်အေအဖွဲ့တွေက စတင်ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကေအိုင်အေတပ်ဖွဲ့က အနောက်တောင်ဘက်ကို ဆုတ်ခွာသွားခဲ့ပြီး အခြေပြုထားတဲ့ စခန်း ၁ ခုကို သိမ်းပိုက်ရရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
တိုက်ပွဲဖြစ်ပွားတဲ့နေရာတဝိုက်ကနေ ကေအိုင်အေ ယူနီဖောင်းဝတ် အလောင်း ၁ လောင်း၊ ကေအိုင်အေတပ်ဖွဲ့မှ ထုတ်လုပ်တဲ့ ၁၀၇ မမ ရှော့တိုက်ဒုံးပစ်စင် ၁ ခုနဲ့ ဒုံးသီး ၁ လုံး၊ ၆၀ မမ စိန်ပြောင်း ၁ လက်၊ ၆၀ မမ ဗုံးသီး ၄ လုံး၊ အမ်- ၂၂ သေနတ် ၄ လက်၊အမ်-၂၂ ကျည်အိမ် ၂၄ ခု၊ အမ်-၂၂ ကျည် ၂၁၆ တောင့်၊ လလက်ပစ်ဗုံး ၂ လုံး၊ ရီမုခလုတ် ၁၉ ခု၊ ဆားကစ်ပြား(ဓာတ်ခဲအပါ) ၂၂ ခု၊ မှန်ပြောင်း ၁ လက်၊ အိုင်ကွန် ၂ လုံး၊ လူနေတဲ ၁၂ လုံလုံး၊ ပစ်ကျင်း ၂၀ ကျင်းနဲ့ ဆက်စပ်ပစ္စည်းတို့ကို သိမ်းဆည်းရမိခဲ့တာပါ။
ဓာတ်ပုံ - cincds