Sunday, June 11, 2023
HomeLead Story ပိုလန် နှင်းလျှောစီးစခန်းတွင် ပေါက်ကွဲမှုဖြစ်ပြီး အဆောက်အအုံပြိုကျ၊ ပျောက်ဆုံးသူများကို ရှာဖွေ

 ပိုလန် နှင်းလျှောစီးစခန်းတွင် ပေါက်ကွဲမှုဖြစ်ပြီး အဆောက်အအုံပြိုကျ၊ ပျောက်ဆုံးသူများကို ရှာဖွေ

ပိုလန်နိုင်ငံတောင်ပိုင်း  နှင်းလျှောစီးအပန်းဖြေစခန်းတခုမှာ ဒီဇင်ဘာ ၄ ရက်နေ့က  ဂတ်စ်ပိုက်ပေါက်ကွဲမှုကြောင့် အဆောက်အအုံတလုံး ပြိုကျခဲ့ပြီး မီးသတ်တပ်ဖွဲ့တွေဟာ အသက်ရှင်သူတွေကို ရှာဖွေနေပါတယ်။ 

မီးသတ်တပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်တဦးက ပေါက်ကွဲရာနေရာကို မီးသတ်ကား အစီး ၂၀- ရောက်နေတယ်လို့ ပြောခဲ့ပါတယ်။ အပြိုအပျက်တွေအောက်မှာ ကလေးတွေ အပါအဝင် လူ ၈ ယောက်  ရှိနိုင်တယ်လို့ သူက ပြောခဲ့ပါတယ်။   

ရှစ်ဇဲနှင်းလျှောစီးအပန်းဖြေစခန်းက  ၃ ထပ် အဆောက်အအုံတလုံးမှာ ဂတ်စ်ပိုက်ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။

အဆောက်အအုံ အပြိုအပျက်အောက်မှာ လူဘယ်နှယောက် ရှိမှန်း သေချာမသိရဘူးလို့  ရဲတပ်ဖွဲ့က အစောပိုင်းမှာ ပြောခဲ့ပါတယ်။

ဂတ်စ်ကုမ္ပဏီ တာဝန်ရှိသူတဦးက အနီးဝန်ကျင် ဆောက်လုပ်ရေးလုပ်ငန်းကြောင့်   ဓာတ်ငွေ့ပိုက်လိုင်းကို မတော်တဆထိခိုက်ပြီး ပေါက်ကွဲတာ ဖြစ်နိုင်တယ်လို့  ပြောပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular