A d v e r t i s e m e n t With Us

ဦးတေဇကို ကျောက်မျက်ရတနာ လုပ်ငန်းရှင် အသင်းကမထွက်ရန် မေတ္တာရပ်ခံစာပို့

ဦး​တေဇ
မြန်မာနိုင်ငံက နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင် ဦးတေဇကို ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ အဖြစ်ကနေ နုတ်ထွက်ခြင်း မပြုဖို့ အသင်းဗဟိုကော်မတီဝင်တွေက သူ့ဆီ မေတ္တာရပ်ခံစာ ပေးပို့ထားတယ်လို့ ဒုဥက္ကဋ္ဌ ဦးစံမျိုးက ပြောပါတယ်။ ဦးတေဇနဲ့ ကျောက်မျက်အသင်း တွဲဖက်အကောင်အထည် ဖော်နေတဲ့ ကျောက်အချောထည် ဈေးကွက်ပေါ်ပေါက်ရေးနဲ့ နှစ် ၅၀ ပြည့် ကျောက်မျက်ရတနာပြပွဲ ပြုလုပ်ရေး စတဲ့ လုပ်ငန်းတာဝန်တွေ မပြီးပြတ်သေးတဲ့အတွက် အသင်းမှာ ဆက်လက် လုပ်ကိုင်ပေးဖို့ မေတ္တာရပ်ခံစာထဲ ဖော်ပြထားကြောင်း အတွင်းရေးမှူး ဦးကျော်တင့်က ပြောပါတယ်။ ဦးတေဇဟာ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက မြန်မာနိုင်ငံက ကျောက်မျက် တင်သွင်းခွင့် ပိတ်ပင်ထားတဲ့အပေါ် လွှတ်တော်တွင်းဆွေးနွေးမှု ပေါ်ထွက်လာပြီးနောက် အသင်းကနေ နုတ်ထွက်ခွင့် တင်ပြထားခဲ့တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up