A d v e r t i s e m e n t With Us

ရာသီဥတုအရေး လှုပ်ရှားသူ ဆယ်ကျော်သက်ကျောင်းသူ ရွက်လှေ ပေါ်တူဂီရောက်ရှိ

ရာသီဥတုအရေး တက်ကြွလှုပ်ရှားသူ ဆယ်ကျော်သက်ကျောင်းသူလေး ဂရီတာသန်းဘတ်ဟာ အတလန္တိတ်သမုဒ္ဒရာကို ရွက်လှေတစင်းနဲ့ ၂၁ ရက်ကြာ ဖြတ်ကျော်ပြီးနောက် ဒီဇင်ဘာ ၃ ရက်နေ့က ပေါ်တူဂီနိုင်ငံကို ရောက်လာခဲ့ပါတယ်။ အသက် ၁၆ နှစ်အရွယ် သန်းဘတ်ဟာ လေယာဉ်စီးဖို့ ငြင်းပယ်ပြီး ကာဗွန်ဓာတ်ငွေ့ ကင်းစင်တဲ့ ရွက်လှေစီး ခရီးနှင်တာက သူ့ရဲ့ ရာသီဥတုပြောင်းလဲမှုအရေး လှုံ့ဆော်မှုတွေထဲက တခုပါ။ ရာသီဥတု ပြောင်းလဲမှုအရေးနဲ့ ပတ်သက်လို့ နိုင်ငံရေးသမားတွေရဲ့ လှုပ်ရှားမှု နှောင့်နှေးနေတဲ့အပေါ် ကမ္ဘာ့လူငယ်တွေရဲ့ မကျေနပ်ချက်ကို သန်းဘတ်က ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာ ညီလာခံမှာ ဖွင့်ဟသွားမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် သန်းဘတ်ဟာ ကုလသမဂ္ဂရာသီဥတုဆိုင်ရာ ညီလာခံ COP25 ကျင်းပတဲ့ စပိန်နိုင်ငံ မက်ဒရစ်မြို့ကို ဦးတည်ရွက်လွှင့်လာတဲ့ ခရီးလမ်းမှာ ပေါ်တူဂီနိုင်ငံမှာ တထောက်ဝင်နားလာခဲ့တာပါ။ ပေါ်တူဂီ ဆိပ်ကမ်းကနေ ဆင်းလာတဲ့ သန်းဘတ်က အနာဂတ်မျိုးဆက်သစ်တွေ ရှင်တို့ကို စောင့်ကြည့်နေတယ်လို့ နိုင်ငံရေးသမားတွေကို သတင်းစကားပါးခဲ့ပါသေးတယ်။  သန်းဘတ်ဟာ ပေါ်တူဂီနိုင်ငံ လက်စ်ဘွန်းမြို့မှာ ရာသီဥတုအရေး တက်ကြွလှုပ်ရှားသူတွေနဲ့ တွေ့ဆုံပြီးမှ စပိန်နိုင်ငံ မက်ဒရစ်မြို့ကို ဆက်သွားမယ်လို့ ပြောခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် သြဂုတ်လမှာ သန်းဘတ်ဟာ သောကြာနေ့တိုင်း ကျောင်းမတက်ဘဲ ရာသီဥတု ပြောင်းလဲမှုကို အရေးယူ ဆောင်ရွက်ပေးဖို့ ဆွီဒင်လွှတ်တော်ရှေ့မှာ တကိုယ်တော် ဆန္ဒပြခဲ့ပြီး နောက်ပိုင်းမှာ သူ့ရဲ့ သောကြာနေ့ လှုပ်ရှားမှုက တကမ္ဘာလုံးအတိုင်းအတာထိ ပျံ့နှံသွားခဲ့တာပါ။ အဲဒီနောက် ၂၀၁၉ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုရှင်အဖြစ် ရွေးချယ်ခံရဖို့လည်း နာမည်စာရင်း တင်သွင်းခံခဲ့ရပါတယ်။

A d v e r t i s e m e n t With Us

More News
Up