The Voice Weekly ကို တရားစွဲဆိုမှု ကျေအေး

The Voice Weekly ဂျာနယ်အပေါ် တရားစွဲဆိုထားတဲ့အမှုကို ကျေအေးခွင့်ပြုဖို့ သတ္တုတွင်းဝန်ကြီးဌာနရဲ့ လျှောက်ထားမှုကို ဒဂုံမြို့နယ်တရားရုံး မြို့နယ် တရားသူကြီး ဒေါ်ခင်သန့်ဇင်က ဒီနေ့ ခွင့်ပြုလိုက်ပါတယ်။ စာနယ်ဇင်းကောင်စီ (ယာယီ) နဲ့ ပြန်ကြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေရဲ့  ကြားဝင်စေ့စပ်ညှိနှိုင်းပေးမှုကြောင့် သတ္တုတွင်း ဝန်ကြီးဌာနနဲ့ The Voice Weekly တို့ကြားမှာ ပေါ်ပေါက်ခဲ့တဲ့ နားလည်မှု လွဲမှားခြင်းကို အပြန်အလှန် ဖြေရှင်းနိုင်ခဲ့ပြီး သတ္တုတွင်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရဲ့ ခွင့်ပြုချက်နဲ့ အမှုပိတ်သိမ်းခဲ့တာ ဖြစ်ပါတယ်။ ဝန်ကြီးဌာနတချို့ ကျပ်သိန်း ထောင်ချီ ငွေကြေးအလွဲသုံးစားမှုများ စစ်ဆေးတွေ့ရှိဆိုတဲ့ သတင်းဖော်ပြချက်ကြောင့် သတ္တုတွင်းဝန်ကြီးဌာနက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၀နဲ့ The Voice Weekly ကို ၂၀၁၂ ခုနှစ် မတ်လ အတွင်းမှာ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

//
More News
Up