စစ်ကိုင်းတိုင်း တမူးမြို့နယ် အန်အယ်လ်ဒီပါတီဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်လတ် နေအိမ်ဝင်းအတွင်းကို မနေည ၇ နာရီလောက်က လက်ပစ်ဗုံးနဲ့ အပစ်ခံရပေမယ့် မပေါက်ကွဲခဲ့ဘူးလို့ ညီမဖြစ်သူ ဒေါ်ဝါဝါဝင်းက ပြောပါတယ်။
အခင်းဖြစ်ချိန်မှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်လတ်ဟာ တမူးမြို့မှာ ရှိမနေဘဲ နေပြည်တော်ကို ရောက်ရှိနေပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ တမူးမြို့ တမြို့လုံး ပိတ်ဆို့ရှာဖွေနေသလို ကိုယ်စားလှယ်အိမ်ကို လည်း အစောင့်တွေချထားတယ်လို့ တမူးမြို့မရဲစခန်းတာဝန်ရှိသူက ပြောပါတယ်။
CCTV မှတ်တမ်းကနေလည်း ရှာဖွေနေသလို ပြစ်မှုကျူးလွန်သူကို အမြန်ဆုံး ဖော်ထုတ်နိုင်အောင် ကြိုးစားသွားမယ်လို့ တမူးမြို့မရဲစခန်း စခန်းမှုး ဒုရဲမှူးဦးသိန်းလွင့်က ပြောပါတယ်။
ဗုံးကိုတော့ စစ်တပ်က လာရောက်သိမ်းစည်းသွားပြီး ဖယ်ရှားလိုက်ပြီလည်း ဖြစ်ပါတယ်။
သတင်း - ဂေါင်ဂေါင်