မော်လမြိုင်လေဆိပ်ကို နိုင်ငံတကာအဆင့်မီလေဆိပ်အဖြစ် အဆင့်မြှင့်တင်မည်
DVB
·
December 3, 2019
မော်လမြိုင် လေဆိပ်ကို နိုင်ငံတကာ အဆင့်မီ လေဆိပ်အဖြစ်အဆင့်မြှင့်တင်တဲ့ လုပ်ငန်းကို လာမယ့် ဧပြီလမှာ စတင်ဆောင်ရွက်သွားမယ်လို့ မွန်ပြည်နယ် ဝန်ကြီးချုပ်က ပြောပါတယ်။
လေဆိပ်အဆင့်မြှင့်တင်လုပ်ငန်းဆောင်ရွက်မယ့် ကုမ္ပဏီကို ၂၀၁၇ ဇွန်လကတည်းက တင်ဒါ ခေါ်ယူခဲ့ပြီး တင်ဒါအောင်ဟင်္သာဟိုးဒင်းကုမ္ပဏီကို ရွေးချယ်ထားပြီးဖြစ်တယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။
လက်ရှိမှာတော့ မော်လမြိုင်လေဆိပ်ဟာ လေယာဉ်ပြေးလမ်း ပေ ၅၄၀၀ သာရှိတဲ့ အတွက်ကြောင့် ဘိုးရင်း 737 လေယာဉ် အမျိုးအစားတွေ ဆင်းသက်နိုင်ခြင်း မရှိသေးပါဘူး။
မော်လမြိုင်လေဆိပ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဟာ အစိုးရနဲ့ ပုဂ္ဂလိကတို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်တဲ့ လုပ်ငန်းတခုဖြစ်ပြီး လေဆိပ်အဆင့်မြှင့်တဲ့ နေရာမှာ အရင်ဆုံး လေယာဉ်ပြေးလမ်းကို ပေ ၈၅၀၀ အထိတိုးချဲ့ဖို့ စီစဉ်ထားပါတယ်။
လက်ရှိမှာတော့ လေယာဉ်ပြေးလမ်းအတွက် လိုအပ်တဲ့ မြေနေရာအတွက် မြေယာ လျော်ကြေး ကျပ်သိန်း ၆၀၀၀ ကို ပေးချေးထားပါတယ်။