၆၄ နှစ်မြောက် ကရင်တော်လှန်ရေးနေ့အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ်အနီးက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်လ်အေ) တပ်မဟာ ၇ နယ်မြေမှာ ဒီနေ့ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ဒီအခမ်းအနားကို ကေအန်အယ်လ်အေ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂျော်နီနဲ့ ကေအန်ယူ ဥက္ကဋ္ဌ မူတူးစေးဖိုးတို့ အပါအ၀င် ကရင်နဲ့ မဟာမိတ်အဖွဲ့အစည်းတွေက ပုဂ္ဂိုလ်တွေပါ တက်ရောက်ခဲ့ကြပြီး ကရင်လူငယ်တွေက ဒုံးယိမ်းအကတွေနဲ့ ကခုန်ဖျော်ဖြေခဲ့ကြပါတယ်။
Read more