ဆေးပညာသုတေသနဌာန နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်ဖွင့်လှစ်
မေစု
·
December 2, 2019
ဆေးပညာကျွမ်းကျင်မှု ပုံတူလေ့ကျင့်ရေးနှင့် သုတေသနဌာန (ရန်ကုန်)ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့ တက်ရောက်ဖွင့်လှစ်လိုက်ပါတယ်။
ဆေးပညာကျွမ်းကျင်မှု ပုံတူလေ့ကျင့်ရေးနဲ့ သုတေသနဌာန(MEDICAL SKILL, SMULATION AND RESEARCH CENTER)ဟာ ရန်ကုန်မြို့ လမ်းမတော်မြို့နယ် မြို့မကျောင်းလမ်းနဲ့ မင်းရဲကျော်စွာလမ်းထောင့်မှာ တည်ရှိပြီး ၈ ထပ် အဆောက်အအုံဖြစ်ပါတယ်။
အဆိုပါ ဌာနကို ဆေးလက်တွေ့ကုသမှုအတွက်လိုအပ်တဲ့ ကျွမ်းကျင်မှုတွေ လေ့ကျင့်နိုင်ရေး၊ တက္ကသိုလ်တွေရဲ့ ဆေးသုတေသနလုပ်ငန်းတွေ ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ရေး၊ နိုင်ငံတကာအဆင့်မီ ကျွမ်းကျင်တတ်မြောက်တဲ့ ဆရာဝန်တွေ မွေးထုတ်ပေးရေး၊ နိုင်ငံတကာ အဆင့်မီ လေ့ကျင့်ရေးဌာန ပေါ်ပေါက်လာစေရေး၊ လူနာဘေးကင်းလုံခြုံမှု ပိုမိုရရှိစေရေး ရည်ရွယ်ပြီး ဖွင့်လှစ်တာ ဖြစ်ပါတယ်။