ဖော့ဘူးအစားထိုး ကွမ်းသီးဖက်ဘူးခွံများ မွန်ပြည်နယ်တွင် စတင်စမ်းသပ်ထုတ်လုပ်
DVB
·
December 2, 2019
စွန့်ပစ်ကွမ်းသီးဖက်တွေကနေ ဖော့ဘူးအစားထိုး ကုန်ချောဘူးခွံတွေကို မွန်ပြည်နယ်၊ ရေးမြို့မှာ တပိုင်တနိုင် စတင်စမ်းသပ်ထုတ်လုပ်လာပါတယ်။
စမ်းသပ်ထုတ်လုပ်သူ ဦးမျိုးကိုကိုဝင်းက “စွန့်ပစ်ကွမ်းသီးဖက်တွေကို အခုချိန်မှာ ကုန်ကြမ်းအတွက်အသုံးဝင်လာတော့ ကွမ်းသီးဖက်ဈေးလည်းရကြသလို ကျန်းမာရေးနဲ့ အညီ အော်ဂင်းနစ်လည်းဖြစ်ပြီး သဘာ၀ပတ်၀န်းကျင်အတွက်ပါအထောက်အကူပြုကာ ဖော့ဘူးအစား ကွမ်းသီးဖက်ဘူးခွံထုတ်လုပ်ရတာ”လို့ ပြောပါတယ်။
နည်းပညာက မြိတ်ကနေ လေ့လာပြီးအသေးစားစက်မှုနဲ့ ကိုယ်တိုင်ထုတ်လုပ်ရတာမို့ အခုအချိန်မှာ ငွေကြေးနှင့်နည်းပညာတွေ ထပ်မံတိုးချဲ့ပြီးမှ ဈေးကွက်ကို ပြည်တွင်းအပြင် ပြည်ပဈေးကွက်ပါနေရာရဖို့ ဆက်လက်ထုတ်လုပ်သွားပါမယ်လို့ သူက ပြောပါတယ်။
ဒီလုပ်ငန်းအတွက် အရင်းအနှီးက ကျပ်သိန်း ၂ဝ လောက်ရှိပြီးတနေ့ကို ကွမ်းသီးဖက် ထမင်းဘူးနဲ့ ဟင်းပန်ကန်အချပ်ရေ ၃၅၀ လောက်ထုတ်လုပ်နိုင်ပြီး မွန်ပြည်နယ်ဈေးကွက်ကို စတင်ဖြန့်ချိ သွားဖို့ ရှိနေပါတယ်။
သတင်း - နေမျိုးထွဋ်