DVB

Eng
TV News
  • သတင်း
    • ဓာတ်ပုံ
    • နိုင်ငံရေး
    • ရွေးကောက်ပွဲ
      • ၂၀၁၅ ရွေးကောက်ပွဲ
    • စီးပွားရေး
    • နည်းပညာ
    • ကျန်းမာရေး
    • ပညာရေး
    • လူမှုရေး
    • ဘာသာရေး
    • စစ်ရေး
    • အနုပညာ
    • မှုခင်း
    • အားကစား
    • သဘာဝပတ်ဝန်းကျင်/ရာသီဥတု
    • သတင်းမီဒီယာ
    • လယ်သမား
    • အလုပ်သမား
    • နိုင်ငံတကာ
    • တိုင်းရင်းသားရေးရာ
  • ဆောင်းပါး
    • သုံးသပ်ချက်
    • အာရွ​ေဒသ
  • အယ်ဒီတာအာဘော်
  • မေးမြန်းခန်း
  • ရင်ဖွင့်စာ
  • ငြိမ်းချမ်းရေး
  • ရွေးကောက်ပွဲ
DVB

Lead Story စစ်ရေး သတင်း

မြောက်ဦးတွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲသဖြင့် ၅ ဦး ဒဏ်ရာရ

  • By ဝဏ္ဏခွာညို
  • 1 December 2019
  • Print
  • Email
    • Tweet

Email This Story :

  • Send Story

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်၊ ရှာရှည်ပြင်ကျေးရွာမှာ ဒီနေ့မနက် ၈ နာရီလောက် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် မိသားစုဝင် ၅ ယောက်ဒဏ်ရရှိခဲ့ပြီး ၂ ယောက် အခြေအနေ စိုးရိမ်ရတယ်လို့ မိသားစုတွေက ပြောဆိုပါတယ်။

မိသားစုဝင်တွေ ဒဏ်ရာရခဲ့တဲ့ ဦးအောင်စံချေက “ကျနော်တို့ရွာကို စစ်ကြောင်းဝင်လာတယ်။ ရွာကို မဝင်ခင်မှာ လက်နက်ကြီး လက်နက်ငယ်တွေ လှမ်းပစ်တယ်။ လူတွေက အကုန်ကြောက်ပြီးတော့ အိမ်အောက်တွေမှာ ပုန်းနေကြတယ်။ အဲ့ဒီမှာ လက်နက်ကြီးက ကျနော့်အိမ်ကို ကျတယ်။ မြေးနှစ်ယောက် ထိတယ်။ ပြီးတော့ သားသမီးသုံးယောက် ထိတယ်။ ၅ ယောက်မှာ ၂ ယောက်ကတော့ အခြေအနေစိုးရိမ်ရတယ်” လို့ ပြောပါတယ်။

လက်နက်ကြီးကျည် ကျရောက်တာကြောင့် တင်၊ မျက်နှာ၊ လက်၊ ပေါင် စတဲ့ ခန္ဓာကိုယ်အနှံ့အပြားမှာ ထိခိုက်ဒဏ်ရာရရှိသွားကြတာလို့ ဆိုပါတယ်။

ဒဏ်ရာရသူတွေကို မြောက်ဦးဆေးရုံမှာ ပို့ဆောင်ကုသထားပြီး မောင်ဌေးသန့်ကျော် အသက် ၁၀ နှစ်၊ မနှင်းနွယ်သန်း အသက် ၁၃ နှစ်တို့ဟာ ဒဏ်ရာတွေ ပြင်းထန်တာကြောင့် အခြေအနေ စိုးရိမ်ရတယ်လို့  မိသားစုက ပြောပါတယ်။

မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က “တပ်မတော်စစ်ကြောင်း ရွာထဲကို ပစ်ပြီးတော့ ဝင်လာတယ်လို့ပြောတယ်။ လက်နက်ကြီး ပစ်ခတ်လို့ ကလေးငယ် အပါအဝင် ၅ ယောက်ဒဏ်ရာရတယ်။ ပြီးတော့ အဲဒီရွာကိုတပ်က စစ်တယ်။ စစ်ပြီးတော့ ရွာကဒေသခံ ၄ ယောက်ကို တပ်မတော်စစ်ကြောင်းနဲ့အတူခေါ်သွားတယ်” လို့ ပြောပါတယ်။

အခုကိစ္စနဲ့ပတ်သက်လို့ အနောက်ပိုင်းစစ်ဌာနချုပ်တိုင်းဦးစီဗိုလ်မှူးကြီးဝင်းဇော်ဦးက “ဒီနေ့ မနက်မှာ ကျနော်တို့ နယ်မြေရှင်းလင်းတဲ့ စစ်ကြောင်းတကြောင်းရှိတယ်။ ရှာရှည်ပြင်ဆိုတဲ့ရွာပေါ့။ ကျနော်တို့ကတော့ နယ်မြေရှင်းလင်းမှုလုပ်တဲ့အခါမှာ အေအေသည် အဲဒီရွာထဲကနေပြီးတော့ လက်နက်ငယ်နဲ့ စပစ်တာပေါ့။ အဲ့ဒီလိုပစ်တဲ့အချိန်မှာ ကျနော်တို့ကနေပြီး ရွာထဲဝင်ပြီးတော့ ရှင်းတယ်။ အဲ့ဒီရွာမှာ အသက်အရွယ်ကြီးတဲ့သူတွေပဲ ရှိတယ်။ ဘာမှမရှိတော့ဘူး။ အဲဒီမှာတိုက်ပွဲဖြစ်ရင်း ကိုယ့်ပစ်သူပစ် ပစ်တာပေါ့။ ကျနော်တို့ကလည်းပစ်တယ်။ တိုက်ပွဲက ဘယ်လောက်မှမကြာဘူး။ နာရီဝက်ဝန်းကျင်လောက်ပဲကြာတယ်။”

ရက္ခိုင့်တပ်တော်အေအေဘက်ကတော့ အဲဒီရှာရှည်ပြင်ကျေးရွာမှာ တိုက်ပွဲဖြစ်တာ လုံးဝမရှိဘူးလို့ ခိုင်သုခက ပြောပါတယ်။

“ကျနော်တိုနဲ့ တိုက်ပွဲဖြစ်တာ လုံးဝမရှိဘူး။ ရွာသားတွေကို မေးကြည့်တဲ့အခါလည်းပဲ ရွာထဲကို သေနတ်ပစ်ပြီးတော့ ဝင်လာတယ်လို့ ပြောထားတယ်။”

Tags: ကျရောက်ပေါက်ကွဲမြောက်ဦးလက်နက်ကြီး

  • Previous story ရဲများ၏ဥပဒေမဲ့လုပ်ရပ် တိုက်ပွဲဝင်မည်ဟု ဟောင်ကောင် ဒီမိုကရေစီလိုလားသူများပြော
  • Next story ဖျာပုံတွင် ကျားဖောင်လုပ်သား အသတ်ခံရ၊ သေဆုံးနှင့်ပျောက်ဆုံးသူ  ၁၀၀ ကျော်ရှိ
  • Facebook

    Facebook

    Jobs at DVB

    Ethnic

    သုတကေဖး

    DVB SMS

  • သတင်းဓာတ်ပုံ

    • gallery

      ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ် သိပ္ပံပွဲခင်းကျင်းပနေ

  • DVBSatellite

    DVB LAW LAB

    Movie Crazy

    Talk to DVB

  • Most Popular

    • Viewed
    • Comments
    • Recent
    • 01 ဂျီနိုစိုက်အရေး အဖြေရှာတွေ့ပြီ 
    • 02 ICJ တရားရုံးတွင် ပါမောက္ခ မစ္စ ဖိုဘီအိုကိုဝါ၏ ထွက်ဆိုချက်
    • 03 ဝီဂါကလေးများကို အကြမ်းဖက်တိုက်ခိုက်နည်း သင်တန်းပေး (ရုပ်သံ)
    • 04 ကြားဖြတ်တားဆီးမိန့်ချမှတ်ပေးရန်  ICJ ထံ ဂမ်ဘီယာနိုင်ငံ၏ ပန်ကြားချက် (၅) ချက် 
    • 05 လူမျိုးတုံးသတ်ဖြတ်ခြင်းမရှိဟု ICJ တရားရုံး၌ ဒေါ်အောင်ဆန်းစုကြည် လျှောက်လဲ
    • 01 စပိန် ရာသီဥတုဆိုင်ရာ ချီတက်ဆန္ဒပြပွဲ ဆွီဒင်ဆယ်ကျော်သက် ပူးပေါင်း
    • 02 White Island ကျွန်း မီးတောင်ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၁၅ ဦးရှိပြီ
    • 03 သက်ထားသူဇာ ကွာတားဖိုင်နယ်တွင် အင်ဒိုနီးရှားကစားသမားကို ရှုံးနိမ့်
    • 04 ကတ်စနစ် တပ်ဆင်အသုံးပြုရန် YBS ကုမ္ပဏီ ၄ ခု သဘောတူလက်မှတ်ရေးထိုး
    • 05 နိုင်ငံအတွက် ခရစ်ယာန်ဘာသာဝင်များ အစာရှောင် ဆုတောင်း
    • 01 White Island ကျွန်း မီးတောင်ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၁၅ ဦးရှိပြီ
    • 02 ယူနိုက်တက်အသင်း လူငယ်ကစားသမားများနှင့် ဆုဖလားရရန် လုပ်မည်ဟု တွန်မီနေးပြော
    • 03 မလေးရှားဝန်ကြီးချုပ်ကို ကာတာတက္ကသိုလ်၏ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်
    • 04 ဒါဘီအသင်းနှင့်အတူ အောင်မြင်မှုရယူရန် ရွန်နီ မျှော်လင့်
    • 05 နေပြည်တော်လေဆိပ်သို့ ပြန်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ)
  • DVB
  • Facebook
  • Live
  • Audio
  • Video
  • သတင်း
  • နိုင်ငံရေး
  • စီးပွားရေး
  • လူမှုရေး
  • ကျန်းမာရေး
  • ဘာသာရေး
  • ပညာရေး
  • အလုပ်သမား
  • လယ်သမား
  • အနုပညာ
  • စစ်ရေး
  • မှုခင်း
  • နိုင်ငံတကာ
  • သတင်း
  • အာရှဒေသ
  • အားကစား
  • ဆောင်းပါး
  • ေရဒီယုိ
  • DVB Radio Daily
  • Ethnic Radio
  • မေးမြန်းခန်း
  • လွှတ်တော်ရေးရာ
  • သုံးသပ်ချက်
  • သတင်းတို
  • Privacy Policy
  • Contact

© Copyright 2013 DVB.