Home
မြန်မာသတင်း
ဆုငွေမထုတ်သည့် ကျပ် ၅၀၀ တန် ထီဆုမဲ ၁ သောင်းကျော်ကို နိုင်ငံဘဏ္ဍာ သိမ်းမည်
DVB
·
December 1, 2019
၂၂ ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေထီဆုထဲက ဆုမဲပေါင်း ၁၂၀၂၆ ကို ဒီဇင်ဘာ ၃၀ ရက်အတွင်း လာမထုတ်ပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းမယ်လို့ ပြည်တွင်း အခွန်များဦးစီးဌာနက အသိပေး ကြေညာပါတယ်။ အခုလိုသိမ်းဆည်မယ့် ဆုထဲမှာ အမြင့်ဆုံး ကျပ်သိန်း ၅၀၀ ဆုကနေ အနိမ့်ဆုံး ကျပ် ၂ သိန်းဆုထိ ပါတယ်လို့ ကြေညာချက်က သိရပါတယ်။ အခုလို ဘဏ္ဍာသိမ်းဆုငွေတွေကို အဲဒီဌာနအနေနဲ့ ကျပ် ၁၀၀၀ တန် ထီလက်မှတ်ရဲ့ ငါးကြိမ်မြောက် ထီဖွင့်ပွဲက စလို့ တလကို ကျပ်သိန်း ၂၅၀၀ ဖိုး အပိုဆုမဲအဖြစ် ထပ်တိုး ချီးမြှင့်နေပါတယ်။ ဒါကြောင့် နိုင်ငံတော်ဘဏ္ဍာအဖြစ်မသိမ်းခင် ထီဆုပေါက်ထားသူတွေအနေနဲ့ မနစ်နာစေဖို့ ထီသေချာ တိုက်ရန်နဲ့သတ်မှတ်ကာလအတွင်း ထုတ်ယူဖို့ကို ပြည်တွင်းအခွန်များဦးစီးဌာနအနေနဲ့ အခုလို ကြေညာနေတာဖြစ်ပါတယ်။  ဒီဇင်ဘာ ၁ ရက်မှာ ဘဏ္ဍာသိမ်းမယ်လို့ ကြေညာထားတဲ့ ဆုမဲတွေကို ဆုရလက်မှတ်တင်ပြပြီး ရန်ကုန်နဲ့ မန္တလေးမြို့တွေက အောင်ဘာလေသိန်းဆုဌာနခွဲ ရုံးတွေမှာ တောင်းခံနိုင်တယ်လို့ သိရပါတယ်။ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်က ဖွင့်လှစ်ခဲ့တဲ့ ကျပ် ၅၀၀တန် အောင်ဘာလေထီဆုမဲတွေထဲက ထုတ်ဖို့ ကျန်တဲ့ ဆုတွေကတော့ ကျပ်သိန်း ၅၀၀၊ သိန်း ၃၀၀နဲ့ သိန်း ၁၀၀ ဆု ၃ ဆုစီအပါအဝင် သိန်း ၅၀ ဆု ၄ ဆု၊သိန်း ၃၀ ဆု ၉ ဆု၊ ၁၀ သိန်းဆု ၅ ဆု၊ ၃ သိန်းဆု  ၄၂ ဆုနဲ့ ၂ သိန်းဆုပေါင်း ၁၉၂ ဆု ရှိပါတယ်။ အခု ဆုတွေရဲ့ နံပါတ်နဲ့ အက္ခရာတွေကိုတော့ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံတွေ နဲ့ www.ird.gov.mm ဝက်ဘ်ဆိုက်မှာလည်း ကြည့်ရှု့နိုင်တယ်လို့ ကြေညာထားပါတယ်။ အောင်ဘာလေသိန်းဆုဌာနအနေနဲ့ ကျပ် ၂၀၀ နဲ့ရောင်းခဲ့တဲ့ ထီလက်မှတ်တွေနေရာမှာ ၂၀၁၇ ခုနှစ် မတ်လကစလို့ ကျပ် ၅၀၀ တန်ထီတွေနဲ့အစာထိုး ရောင်းချခဲ့ပြီး၂၀၁၉ ခုဖေဖော်ဝါရီလကစလို့ ကျပ် ၁၀၀၀ တန်ထီလက်မှတ်အဖြစ်  ပြောင်းလဲရောင်းချပေးတဲ့အခါ ဆုကြေးအဖြစ် အမြင့်ဆုံး ကျပ် သိန်း ၁၅၀၀၀ ချီးမြှင့်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024