DVB

  • သတင်း
    • ဓာတ်ပုံ
    • နိုင်ငံရေး
    • ရွေးကောက်ပွဲ
      • ၂၀၁၅ ရွေးကောက်ပွဲ
    • စီးပွားရေး
    • နည်းပညာ
    • ကျန်းမာရေး
    • ပညာရေး
    • လူမှုရေး
    • ဘာသာရေး
    • စစ်ရေး
    • အနုပညာ
    • မှုခင်း
    • အားကစား
      • ONE CHAMPIONSHIP
    • သဘာဝပတ်ဝန်းကျင်/ရာသီဥတု
    • သတင်းမီဒီယာ
    • လယ်သမား
    • အလုပ်သမား
    • နိုင်ငံတကာ
    • တိုင်းရင်းသားရေးရာ
  • ဆောင်းပါး
    • သုံးသပ်ချက်
    • အာရွ​ေဒသ
  • အယ်ဒီတာအာဘော်
  • မေးမြန်းခန်း
  • ရင်ဖွင့်စာ
  • ငြိမ်းချမ်းရေး
  • ရွေးကောက်ပွဲ
    • ၂၀၂၀ ရွေးကောက်ပွဲ
    • Any Questions?
    • စဉ်းစဉ်းစားစား မဲတပြား
    • Your Vote
    • Party Profiles
    • My Vote
    • Election Bus
DVB

Lead Story နိုင်ငံတကာ သတင်း အားကစား

လီဗာပူးက ဖာဘင်ဟို ဒဏ်ရာကြောင့် ဆန်ဒါဘာ့ဂျ်ကိုခေါ်ရန် အရှိန်မြှင့်တင်ဖွယ်ရှိ

Image: Getty Images
  • By DVB
  • 30 November 2019
  • Print
  • Email
    • Tweet

Email This Story :

  • Send Story

အားထားရတဲ့ အဓိကကွင်းလယ်လူ ဖာဘင်ဟို ဒဏ်ရာရရှိသွားတာကြောင့် လီဗာပူးအနေနဲ့ ဂျန့်ကစားသမား ဆန်ဒါဘာ့ဂျ်ကို ခေါ်ယူဖို့ ပိုမိုအရှိန်မြှင့်တင် ကြိုးပမ်းလာနိုင်တယ်လို့ The Mirror သတင်းမှာ ဖော်ပြထားပါတယ်။

အသက် ၂၁ နှစ်သာ ရှိသေးတဲ့ ဘာ့ဂျ်ဟာ ခံစစ်အားသန် ကွင်းလယ်ကစားသမားတဦး ဖြစ်ပြီးတော့ လီဗာပူးအသင်းရဲ့ အဓိကပစ်မှတ် ဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။

နာပိုလီနဲ့ ချန်ပီယံလိဂ်ပွဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ဖာဘင်ဟိုဟာ လီဗာပူးအတွက် ဒီနှစ်ကုန်အထိ လွဲချော်ဖို့ရှိနေပါတယ်။ ဒါကြောင့် သူ့နေရာကို အစားထိုးဖို့ ဂျာဂန်ကလော့ပ်က ‌နော်ဝေးသား ဘာ့ဂျ်ကို စောစောစီးစီး ခေါ်ယူတော့မယ်လို့ ခန့်မှန်းရေးသားလာကြတာပဲ ဖြစ်ပါတယ်။

ဘာ့ဂျ်ကို ချန်ပီယံလိဂ်အုပ်စုတွင်း ပြိုင်ဘက် နာပိုလီနဲ့ ချဲလ်ဆီးအသင်းတို့ကလည်း ပစ်မှတ်ထားနေကြပြီး ကစားသမားကိုယ်တိုင်ကတော့ အန်ဖီးလ်မှာ ကစားဖို့ အိပ်မက်ရှိတယ်လို့ ထုတ်ဖော်ဝန်ခံထားဖူးပါတယ်။ 

လက်ရှိအချိန်မှာ ဂျန့်အသင်းနဲ့စာချုပ်ဟာလည်း ၁၈ လသာ သက်တမ်းရှိတော့တာ ဖြစ်ပြီး ကစားသမားဟာ အခုနွေရာသီမှာတင် အသင်းကနေ ထွက်ခွာသွားဖွယ် ရှိနေပါတယ်။

လက်ရှိ ဈေးကွက်ပေါက်ဈေးအရ ပေါင် ၁၈ သန်းလောက် တန်ကြေးရှိနေတဲ့ ဘာ့ဂျ်ဟာ ဖာဘင်ဟို နေရာကို တိုက်ရိုက်အစားထိုးနိုင်မယ့် ကစားဟန်ကို ပိုင်ဆိုင်ထားသူ ဖြစ်ပေမယ့် လီဗာပူးလ် နည်းပြ ကလော့ပ်ကတော့ ဖာဘင်ဟိုရဲ့ ဒဏ်ရာအခြေအနေအတွက် သိပ်မစိုးရိမ်ကြဖို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

လီဗာပူးဟာ လာမယ့် ၃၃ ရက်အတွင်းမှာ ၁၁ ပွဲ ကစားဖို့ရှိနေပြီးတော့ ဖာဘင်ဟို အပြင် အားထားရတဲ့ နောက်တန်း ကစားသမားတဦးဖြစ်တဲ့ မာတစ်ဟာလည်း ဒဏ်ရာရရှိနေပါတယ်။ 

ဒါပေမဲ့ ကလော့ပ်ကတော့ “ကျနော်တို့အနေနဲ့ ဒီပြဿနာတွေအတွက် အဖြေရှာရမှာ ဖြစ်ပြီးတော့ အဖြေရှာတွေ့မှာပါ” လို့ ပြောဆိုထားပါတယ်။

ဘာ့ဂျ်ကတော့ ဂျန့်အသင်းကနေ ထွက်ခွာလိုသူဖြစ်နေပြီး သူ့ကို လီဗာပူးအသင်းကပဲ ခေါ်ယူဖြစ်မလား၊ တခြားအသင်းတသင်းဆီပဲ ရောက်ရှိသွားမလား ဆိုတာကတော့ စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။

Tags: ဆန်ဒါဘာ့ဂျ်ဒဏ်ရာဖာဘင်ဟိုလီဗာပူး

  • Previous story နို့ထုတ်လုပ်မှု မြှင့်တင်ရန် နွားများကို VR မျက်မှန်တပ်ပေးထားသည့် ရုရှားမွေးမြူရေးခြံ
  • Next story လည်ချောင်းထဲရောက် မျှော့ကြောင့် နှစ်လတိတိ မရပ်မနား ချောင်းဆိုးခဲ့ရသူ (ရုပ်သံ)
  • 2020Election
  • TV Live

  • DVB TV News – ရုပ်သံ သတင်း

  • Facebook Any Question
  • DVB – Today Special Show

  • Ethnic

    Facebook

    DVB SMS

    Facebook

  • သတင်းဓာတ်ပုံ

    • gallery

      ပုဏ္ဏားကျွန်းမြို့ စက်မှုဇုန်ကွင်း စစ်ဘေးရှောင်စခန်း အကူအညီလိုအပ်နေ (ဓာတ်ပုံ)

    • gallery

      ကမာအောင်စက်တပ်သမ္ဗာန်အဖွဲ့၏ စုကြေးငွေရှင်းတမ်း အမြန်ဖြေရှင်းပေးရန် ဆန္ဒပြ (ဓာတ်ပုံ)

    • gallery

      နေပြည်တော်တွင် ကိုဗစ်-၁၉ ရောဂါ သတိပေးအရုပ် စိုက်ထူ

    • gallery

      အိန္ဒိယက လက်ဆောင်ပေးသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများ မြန်မာပြည်ရောက်ရှိ (ဓာတ်ပုံ) 

    • gallery

      ပန်းချီသိုးထိန်းရဲ့ Disillusionment တကိုယ်တော်ပန်းချီပြပွဲ (ဓာတ်ပုံ) 

  • DVBSatellite

    DVB LAW LAB

    Movie Crazy

    Talk to DVB

  • Most Popular

    • Viewed
    • Comments
    • Recent
    • 01 မကွေးမြို့နယ်တွင် တရားမဝင် ဝက်ပေါ်နေမှုကို ဖမ်းဆီးရာက ရုန်းရင်းဆန်ခတ်ဖြစ်
    • 02 နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်စေရေး နည်းလမ်းရှာဖြေရှင်းပေးရန် တပ်မတော် တောင်းဆို 
    • 03 ဖိုင်ဇာ ကိုဗစ်ကာကွယ်ဆေး အသုံးပြုမှု ဆိုင်းငံ့ရန် တရုတ်ကျန်းမာရေးပညာရှင်များ တိုက်တွန်း
    • 04 ရေးမြစ်ထဲသို့ ကား ၁ စီး ထိုးကျပြီး အမျိုးသား ၂ ဦး ရေနစ်သေဆုံး
    • 05 တပ်မတော်ထောက်ခံပွဲ ဒေသခံတိုင်းရင်းသားများ၏ သဘောဆန္ဒမပါဟု ရှင်းလင်း
    • 01 လစ်လပ် လက်ထောက်ဆရာဝန်ရာထူးနေရာ ၈၄၀ အတွက် ၆၁ ဦးလျှောက်၊ ၄၉ ဦးရွေးချယ်
    • 02 ကိုဗစ်-၁၉ လူနာသစ် ၅၀၇ ဦး၊ သေဆုံးသူ ၁၄ ဦးထပ်တိုး  
    • 03 ၁၂ ကြိမ်မြောက်ထီ သိန်း ၁၀၀၀ ဆုအပါအဝင် ဆုမဲပေါင်း ၂ သောင်းကျော် လာမထုတ်သေး
    • 04 ချီလီအစိုးရ ဆန့်ကျင်ဆန္ဒပြသူများကို ရဲတပ်ဖွဲ့ ဖြိုခွင်း
    • 05 ရိခေါ်ဒါရ်တိုက်နယ်ဆေးရုံက ဆရာဝန်အပါအဝင် ‌၅ ဦး ကိုဗစ်ကူးခံရသဖြင့် လူနာသစ်ကုသမှု ယာယီရပ်
    • 01 ကိုဗစ်-၁၉ လူနာသစ် ၅၀၇ ဦး၊ သေဆုံးသူ ၁၄ ဦးထပ်တိုး  
    • 02 တ၀မ်းတခါးအတွက် နေလောင်ဒဏ်ကို အန်တုသူများ
    • 03 ကျောက်ဆည်မြို့မရဲစခန်းတွင် အချုပ်တရားခံ ၁၄ ဦးနှင့် ရဲဝန်ထမ်း ၁ ဦး ကိုဗစ်ပိုးတွေ့
    • 04 ရုရှားအရှေ့ဖျားနှင့်ဆိုက်ဘေးရီးယားတွင် နာဗင်ညီလွှတ်ပေးရန်နှင့်ပူတင်နုတ်ထွက်ရန် ဆန္ဒပြ
    • 05 အမေရိကန်လွှတ်တော်လုံခြုံရေးအစောင့်တပ်ဖွဲ့ကို သမ္မတကတော် ကွတ်ကီးလက်ဆောင်ပေး
  • DVB
  • Facebook
  • Live
  • Audio
  • Video
  • သတင်း
  • နိုင်ငံရေး
  • စီးပွားရေး
  • လူမှုရေး
  • ကျန်းမာရေး
  • ဘာသာရေး
  • ပညာရေး
  • အလုပ်သမား
  • လယ်သမား
  • အနုပညာ
  • စစ်ရေး
  • မှုခင်း
  • နိုင်ငံတကာ
  • သတင်း
  • အာရှဒေသ
  • အားကစား
  • ဆောင်းပါး
  • ေရဒီယုိ
  • DVB Radio Daily
  • Ethnic Radio
  • မေးမြန်းခန်း
  • လွှတ်တော်ရေးရာ
  • သုံးသပ်ချက်
  • သတင်းတို
  • Privacy Policy
  • Contact

© Copyright 2013 DVB.