နို့ထုတ်လုပ်မှု မြှင့်တင်ရန် နွားများကို VR မျက်မှန်တပ်ပေးထားသည့် ရုရှားမွေးမြူရေးခြံ

Photo: MOSCOW MINISTRY OF AGRICULTURE AND FOOD
မွေးမြူရေးနွားတွေရဲ့ စိတ်ဖိစီးမှုကို လျှော့ချပြီး သူတို့ရဲ့ နို့ထုတ်လုပ်နိုင်မှုကို မြှင့်တင်ဖို့ ရုရှားနိုင်ငံက မွေးမြူရေးခြံတခုဟာ သူတို့နွားတွေကို Virtual reality မျက်မြင်တွေ တပ်ဆင်ပေးထားတယ်လို့ OC သတင်းမှာ ဖော်ပြပါတယ်။  နွားတွေရဲ့ စိတ်ခံစားချက်ဟာ သူတို့ရဲ့ နို့ထုတ်လုပ်နိုင်မှုနဲ့ ဆက်စပ်နေတယ်လို့ သုတေသီတွေက သက်သေပြခဲ့ပြီး ဖြစ်ပါတယ်။  VR မျက်မြင်ကြီး တပ်ထားတဲ့ Rusmoloko ခြံထဲ နွားတကောင်ရဲ့ ဓာတ်ပုံဟာ မကြာသေးခင်က လူမှုကွန်ရက်မှာ နာမည်ကျော်သွားခဲ့ပြီး အစကတော့ ဒါဟာ ဟာသပြုလုပ်ထားတာလို့ လူတွေက ထင်မှတ်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ဒါဟာ ဟာသလုပ်ရပ် မဟုတ်ကြောင်းနဲ့ ရုရှားစိုက်ပျိုးရေးနဲ့ အစားအစာဌာနက အတည်ပြုပေးခဲ့ပြီး နွားတွေရဲ့ စိတ်ခံစားချက်နဲ့ သူတို့ဆီက နို့ထုတ်လုပ်နိုင်စွမ်းအပေါ် စမ်းသပ်မှုတခု ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။ ဒီမျက်မှန်ကို တီထွင်သူတွေက ဒီစမ်းသပ်မှုအတွက် မွေးမြူရေးသမားတွေ၊ တိရစ္ဆာန်ဆရာဝန်တွေနဲ့  အနီးကပ် ဆောင်ရွက်နေပြီးတော့ ကနဦးရလဒ်တွေအရတော့ ဒီပစ္စည်းဟာ  နွားတွေမှာ ဖြစ်နေတဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချနိုင်ပြီး နွားနို့ထုတ်လုပ်မှုကိုလည်း မြှင့်တင်ပေးနိုင်တာကို တွေ့ခဲ့ရပါတယ်။  ကနဦး စမ်းသပ်မှုတွေ အောင်မြင်မှု ရရှိနေတာကြောင့် သုတေသီတွေဟာ VR မျက်မှန်နဲ့ နွားတွေရဲ့ နို့ထုတ်လုပ်မှုအကြား ဘယ်လိုဆက်စပ်မှုရှိသလဲ ဆိုတာကို ထပ်မံလေ့လာမှု ပြုလုပ်မယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up