နှစ် ၇၀ ပြည့်မြောက်ခဲ့ပြီဖြစ်သည့် NATO အဖွဲ့

REUTERS/Francois Lenoir
885
၁၉၄၉ ခုနှစ်မှာ စတင်ဖြစ်တည်ခဲ့တဲ့ မြောက်အတ္တလန္တိတ် စာချုပ်ဝင်နိုင်ငံများအဖွဲ့ (နေတိုး) ဟာ နိုဝင်ဘာ ၂၉ ရက်မှာ နှစ်ပေါင်း ၇၀ တင်းတင်းပြည့်ခဲ့ပါပြီ။
နေတိုးအဖွဲ့ကို ဆိုဗီယက်ပြည်ထောင်စုရန် ကာကွယ်ဖို့ ရည်ရွယ်ချက်နဲ့ ပထမဆုံး ဖွဲ့စည်းခဲ့တာပါ။
အဖွဲ့ဝင် ၂၆ နိုင်ငံ ပါဝင်တဲ့ ဒေသတွင်း ကာကွယ်ရေးမဟာမိတ်ဟာ စာချုပ်အပိုဒ် ၉ မှာ ဖော်ပြတဲ့ စုပေါင်းလုံခြုံရေးယူတဲ့ နည်းလမ်းနဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ တည်ငြိမ်ရေး၊ သာယာဝပြောရေးနဲ့ လွတ်လပ်ရေး ပိုမိုကောင်းမွန်စေဖို့ ရည်ရွယ်ပါတယ်။
လက်ရှိအချိန်မှာ နေတိုးအဖွဲ့ဝင် နိုင်ငံပေါင်း ၂၆ နိုင်ငံရှိပေမယ့် ကနဦးမှာ ၁၂ နိုင်ငံကပဲ လက်မှတ်ရေးထိုးခဲ့ပါတယ်။
နေတိုးအဖွဲ့ဝင် အဓိကနိုင်ငံတွေကတော့ အမေရိကန်၊ ဗြိတိန်၊ ဂျာမနီ၊ ပြင်သစ်နဲ့ ဘယ်လ်ဂျီယံနိုင်ငံတွေ ပါဝင်ပြီး ဌာနချုပ်ကိုတော့ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ ဖွင့်လှစ်ထားပါတယ်။
ခေတ်သစ်နေတိုးအဖွဲ့ရဲ့ ရည်ရွယ်ချက်ကတော့ အကြမ်းဖက်မှုနဲ့ ပုံစံသစ် စစ်ပွဲတွေလို ဒေသတွင်း ဖြစ်ပေါ်လာမယ့် လုံခြုံရေးခြိမ်းခြောက်မှုသစ်တွေကို ကိုင်တွယ်ဖြေရှင်းသွားဖို့ ဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။