Sunday, June 11, 2023
Homeသတငျးတိုရန်ကုန်မြို့တွင် မီးပျက်

ရန်ကုန်မြို့တွင် မီးပျက်

ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားပေးအဖွဲ့ဟာ လျှပ်စစ်ဓာတ်အား မလုံလောက်တဲ့အတွက် စက်မှုဇုန်တွေကို အချိန်ပိုင်းနဲ့ လျှပ်စစ်မီးဖြတ်တောက်မှာဖြစ်ပြီး လူနေအိမ်တွေကိုတော့ မီးဖြတ်တောက်မှာ မဟုတ်ဘူးလို့ ပြောဆိုထားပေမယ့် အခုရက်ပိုင်းအတွင်း တနေ့ ၃-၄ ကြိမ်လောက် မီးပျက်နေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

ဒီလို လျှပ်စစ်မီး မလုံလောက်မှုကိစ္စနဲ့ ပတ်သက်ပြီး လာဘ်ပေးလာဘ်ယူ ပြဿနာတွေပါ ပေါ်ပေါက်နေကြောင်း၊ ဒါကို ဘယ်လို ဖြေရှင်းပေးမလဲလို့ ဒီနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးမြင့်စိုးက မေးမြန်းခဲ့ပါတယ်။

ဒါကို လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီး ဦးမြင့်ဇော်က လက်ရှိဆောင်ရွက်နေတဲ့ စီမံကိန်းတွေအကြောင်းလောက်ပဲ ရှင်းပြခဲ့ပြီး ဘယ်အချိန်မှာ လျှပ်စစ်မီး လုံလုံလောက်လောက် ရမယ်လို့တော့ ပြောမသွားခဲ့ပါဘူး။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular