A d v e r t i s e m e n t With Us

အမေရိကန်တွင်  နှင်းမုန်တိုင်းကြောင့် လေယာဉ်ခရီးစဉ်များ ဖျက်သိမ်း 

Reuters
အမေရိကန်ပြည်ထောင်စု အနောက်အလယ်ပိုင်းနဲ့ ကော်လိုရာဒိုပြည်နယ်မှာ နိုဝင်ဘာ၂၆ ရက်ကစပြီး အားကောင်းတဲ့ နှင်းမုန်တိုင်းတိုက်ခတ်နေလို့ လမ်းတွေ ပိတ်ဆို့ကုန်ပါတယ်။ လေကြောင်းခရီးစဉ် ရာချီဖျက်သိမ်းခဲ့ရလို့ ကျေးဇူးတော်အောက်မေ့ပွဲအတွက် အိမ်ပြန်ဖို့ အနှောင့်အယှက်ဖြစ်ခဲ့ပါတယ်။ မုန်တိုင်းကြောင့် ကော်လိုရာဒိုပြည်နယ်က အစိတ်အပိုင်းတွေမှာ နှင်းတွေ ၃၀ စင်တီမီတာအမြင့်ထိ စုပုံနေပါတယ်။ ဒန်ဗာဒေသမှာတော့ လေပြင်းက တနာရီ ၄၅ မိုင်နှုန်းနဲ့ တိုက်ခတ်ခဲ့တာကြောင့် ဒန်ဗာ နိုင်ငံတကာလေဆိပ်မှာ မနေ့မွန်းလွဲပိုင်းက လေကြောင်းခရီးစဉ် ၅၀၀ လောက် ဖျက်သိမ်းခဲ့ရပြီး နောက်ထပ် လေကြောင်းခရီးစဉ် ၃၅၀ ကျော် နှောင့်နှေးခဲ့ရပါတယ်။ ဒီနေ့ ကျရောက်တဲ့ ကျေးဇူးတော်အောက်မေ့ပွဲအတွက် အိမ်ပြန်မယ့်ခရီးသည် ၅၅သန်းလောက်ဟာ လေယာဉ် ဒါမှမဟုတ် ကားနဲ့ ခရီးသွားဖို့ စီစဉ်ထားကြတာပါ။ ဒါပေမယ့် နှင်းတွေ ထူထူထပ်ထပ် ကျဆင်းနေလို့ ခရီးစဉ်တွေ အများအပြားပြောင်းရမယ့် အလားအလာ ရှိတယ်လို့လည်း အမေရိကန် ကားအသင်းက ပြောပါတယ်။ ဝါရှင်တန်ပြည်နယ်မှာတော့ နှင်းကြောင့် ကားတွေ လမ်းချော်ပြီး ကားအစီးရေအများကြီး ဆင့်တိုက်မိခဲ့ပါတယ်။ အိုရီဂွန်ပြည်နယ်က လမ်းတွေမှာလည်း  နှင်းမုန်တိုင်းကြောင့် နှင်းတွေပုံနေလို့ ကားတာယာတွေကို ချိန်းကြိုးတွေ တပ်ဆင်မောင်းနှင် နေရပါတယ်။ ကျေးဇူးတော်အောက်မေ့ပွဲအားလပ်ရက်ဟာ အမေရိကန်နိုင်ငံအတွင်း ခရီးသွားမှု အများဆုံး ကာလ တွေထဲက တခု ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up