Home
မြန်မာသတင်း
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနပြင်ဆင်ဖွဲ့စည်း၊ ဝန်ကြီးများပြောင်းလဲတာဝန်ပေး 
DVB
·
November 29, 2019
စက်မှုဝန်ကြီးဌာနနဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနတို့ကို ပူးပေါင်းလိုက်ပြီး  စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန အဖြစ် နိုင်ငံတော်သမ္မတက ပြင်ဆင်ဖွဲ့စည်းလိုက်ပါတယ်။ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၄ ကြိမ်မြောက် ပုံမှန် အစည်းအဝေးရဲ့ သဘောတူညီချက်အရ ခုလို ပြင်ဆင်ဖွဲ့စည်းလိုက်တာလို့   နို်ငငံတော် သမ္မတရုံးက နိုဝင်ဘာ ၂၈ ရက်နေ့စွဲနဲ့ အမိန့် ကြော်ငြာစာ ထုတ်ပြန်ပါတယ်။ အသစ်ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနရဲ့ ပြည်ထောင်စု ဝန်ကြီးအဖြစ်  စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဝင်းကို ပြောင်းလဲခန့်အပ် တာဝန်ပေးလိုက်ပါတယ်။ ဒါ့အပြင် ယခင် စီမံဘဏ္ဍာ ဒုဝန်ကြီးတွေ ဖြစ်ကြတဲ့ ဦးဆက်အောင်နဲ့ ဦးမောင်မောင်ဝင်းတို့ အပြင်  စက်မှုဒုဝန်ကြီး ဒေါက်တာမင်းရဲပိုင်ဟိန်းကိုပါ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနရဲ့     ပြည်ထောင်စု ဒုဝန်ကြီးတွေအဖြစ် ပြောင်းလဲတာဝန်ပေးလိုက်တယ်လို့ နိုင်ငံတော် သမ္မတရုံးက သီးခြား အမိန့်စာတွေ ထုတ်ပြန်ထားပါတယ်။ လက်ရှိ အစိုးရသက်တမ်း ၃ နှစ်ကျော်ရှိလာချိန်မှာ ခုလို ဝန်ကြီးဌာနှစ်ခုကို ပူးပေါင်းလိုက်တာ ဖြစ်ပြီး လုပ်ငန်း သဘောသဘာဝမတူညီတဲ့ ဝန်ကြီးဌာနနှစ်ခုကို ပူးပေါင်းလိုက်တာနဲ့ ပတ်သက်လို့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ  လွှတ်တော် ကိုယ်စားလှယ်တချို့က ဝေဖန်ထောက်ပြ ဆွေးနွေးခဲ့ ကြပါတယ်။    
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024