Home
မြန်မာသတင်း
မြန်မာအလှမယ် ဆွေဇင်ထက် မယ်စကြဝဠာအလှမယ်ပြိုင်ပွဲယှဉ်ပြိုင်ရန် အမေရိကန်သို့ ထွက်ခွာ
DVB
·
November 28, 2019
အမေရိကန်နိုင်ငံမှာ ကျင်းပမယ့် မယ်စကြဝဠာအလှမယ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ မြန်မာနိုင်ငံကိုယ်စားပြုအလှမယ် ဆွေဇင်ထက်ဟာ နိုဝင်ဘာလ ၂၇ ရက်နေ့က ထွက်ခွာ သွားခဲ့ပြီ ဖြစ်ပါတယ်။ အသက် ၂၀ နှစ်အရွယ် အလှမယ် ဆွေဇင်ထက်ဟာ ဘားအံကိုယ်စားပြု အလှမယ် တယောက်အနေနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး မယ်စကြဝဠာမြန်မာအလှမယ်အဖြစ် ရွေးချယ်ခံခဲ့ ရတာ ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်တုန်းကလည်း Miss Supranational အလှမယ်ပြိုင်ပွဲ ကို သွားရောက်ယှဉ်ပြိုင်ခဲ့ဖူးပြီး Miss Personality ဆုနဲ့ Top 10 အဆင့်ထိ ရောက်ရှိခဲ့သူ ဖြစ်ပါတယ်။ ၆၈ ကြိမ်မြောက်ကျင်းပမယ့် အခုနှစ်ရဲ့ မယ်စကြဝဠာအလှမယ်ပြိုင်ပွဲကိုတော့ အမေရိကန်နိုင်ငံ၊ဂျော်ဂျီယာပြည်နယ်၊ အတ္တလန္တာမြို့မှာ ကျင်းပသွားမှာ ဖြစ်ကာ ကမ္ဘာ့ နိုင်ငံအသီးသီးက အလှမယ်တွေ ပါဝင်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၁၃ ခုနှစ်က ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခဲ့တဲ့ Miss Universe Myanmar အလှမယ်ဆုကို မိုးစက်ဝိုင်က ရရှိခဲ့တာဖြစ်ပြီး  ၂၀၁၄ ခုနှစ်မှာ သျှား ထွဋ်အိန္ဒြာ၊ ၂၀၁၅ ခုနှစ်မှာ မေဘရဏီသော်၊ ၂၀၁၆ ခုနှစ်မှာ ထက်ထက်ထွန်း၊ ၂၀၁၇ ခုနှစ် မှာ ဇွန်သံစဉ်၊ ၂၀၁၈ ခုနှစ်မှာ နှင်းသွေးယုအောင်တို့က ရရှိခဲ့ကြတာဖြစ်ပြီး ဆွေဇင် ထက်ကတော့ ၇ ယောက်မြောက် မြန်မာနိုင်ငံကိုယ်စားပြု မယ်စကြဝဠာ အလှမယ် ဖြစ် လာခဲ့တာပါ။ ပြီးခဲ့တဲ့ မယ်စကြဝဠာအလှမယ်ပြိုင်ပွဲ အမျိုးသားဝတ်စုံပြိုင်ပွဲမှာတော့ ၂၀၁၆ ခုနှစ် က မြန်မာကိုယ်စားပြု အလှမယ်အဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ် ထက် ထက်ထွန်းက ရုပ်သေးမင်းသမီးနဲ့ ဆိုင်းဝိုင်းအပြင်အဆင်တင်ဆက်မှုနဲ့ ပထမဆုံး အကြိမ် ဆုရရှိခဲ့ဖူးပါတယ်။ ၂၀၁၉ ခုနှစ် မယ်စကြဝဠာအလှမယ်ပြိုင်ပွဲကိုတော့ လာမယ့် ဒီဇင်ဘာလ ၈ ရက် နေ့မှာ စတင်တော့မှာဖြစ်ပြီး နိုင်ငံပေါင်း ၉၂ နိုင်ငံက အလှမယ်တွေ ပါဝင် ယှဉ်ပြိုင်သွားကြမှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024