Home
ရုပ်သံ
ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားတွေ ပြနေသလဲ(ရုပ်သံ)
DVB
·
November 28, 2019
အပတ်စဉ်ပုံမှန်တင်ဆက်နေကျဖြစ်တဲ့ Movie Crazy အစီအစဉ်ကနေ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာမှာ ရုံတင်ပြသတော့မယ့်၊ ရုံတင်ပြသနေဆဲဖြစ်တဲ့ ကောင်းနိုးရာရာ ရုပ်ရှင်ဇာတ်ကားတွေ အကြောင်းကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။ မူဗီခရေဇီတွေကို ပထမဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ဂျိမ်းစ် ဘွန်းမင်းသား ဒန်နီရယ်ခရိတ်ဂျ် ခေါင်းဆောင်ပါဝင်တဲ့ ဟောလိဝုဒ်ရုပ်ရှင်- Knives Out ! Comedy Crime Drama အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီရုပ်ရှင်ကို တော့ Lionsgate ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး အမေရိကန်ရုပ်ရှင် ဒါရိုက်တာ Rian Johnson က ရိုက်ကူးပုံဖော်ပေးထားတာပါ။ ချမ်းသာကြွယ်ဝတဲ့ ရာဇဝတ်ပြစ်မှုဆိုင်ရာ စာရေးဆရာကြီး Harlan Thombrey ဟာ သူ့ရဲ့ ၈၅ နှစ်ပြည့်မွေးနေ့ ကျင်းပဖို့ မိသားစုဝင်တွေ၊ သားသမီးတွေ၊ ဆွေမျိုးတွေကို သူ့ရဲ့စံအိမ်ကြီးဆီ ဖိတ်ခဲ့ပါတယ်။ ဒါပေမယ့် ထူးဆန်းစွာပဲ မွေးနေ့ပွဲကာလအတွင်း သူ ဟာ သေဆုံးခဲ့ချိန်မှာတော့ ထင်မှတ်မထားတဲ့ အခြေအနေတွေ ဖြစ်လာခဲ့ပါတယ်။ စုံ ထောက်တဦးဖြစ်တဲ့ Benoit Blanc က ဒီအမှုကို ကိုင်တွယ်ဖို့ ဖြစ်လာချိန်မှာတော့ ဒီ သေဆုံးမှုမှာ အဓိကတရားခံ ဘယ်သူဖြစ်မလဲ။ မိသားစုဝင်တွေထဲက တယောက်ယောက် ဟာ ဒီအမှုထဲမှာ ပါဝင်နေခဲ့ပြီလား။ ရှုပ်ထွေးတဲ့ မိသားစုဝင်တွေကြား ဘယ်လိုစုံစမ်း ဖော် ထုတ်မလဲ ဆိုတာတွေကို ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာတော့ ဂျိမ်းစ်ဘွန်းမင်းသား ဒန်နီရယ်ခရိတ်ဂျ်က စုံထောက်တ ဦးအနေနဲ့ ပါဝင်ထားခဲ့ကာ သူနဲ့အတူ အမေရိကန် သရုပ်ဆောင်မင်းသား Chris Evans၊ ကျူးဘား-စပိန်သရုပ်ဆောင်မင်းသမီး Ana de Armas၊ ဟောလိဝုဒ်သရုပ်ဆောင်မင်း သား Jamie Lee Curtis စတဲ့ သရုပ်ဆောင်တွေလည်း ပါဝင်ထားပါတယ်။ IMDb မှာတော့ ဒီရုပ်ရှင်ကားဟာ Rating 6.8 အထိ ရရှိထားတဲ့ ရုပ်ရှင်ကား တကား ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ကို ယူကျုဘ်ပေါ်မှာ ဝင်ရောက် ကြည့်ရှုကြတဲ့ အကြိမ်ရေ ၁၂ သန်းကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ တချို့ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြ ကွက်တွေနဲ့ ပြောစကား Dialog တွေက အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။ ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၇ ရက်နေ့က နာမည်ကြီး ရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ Toronto International Film Festival မှာ က နဦးပြသခဲ့တာ ဖြစ်ပါတယ်။ ဘတ်ဂျတ်အမေရိကန်ဒေါ်လာ သန်း ၄၀ အကုန်အကျခံရိုက်ကူးထားတဲ့ ဒီရုပ်ရှင် ကားကိုတော့ Box Office မှာ ရုံတင်ပြသမယ့် ပထမသီတင်းပတ်မှာတင် ဝင်ငွေ အမေရိ ကန်ဒေါ်လာ ၂၂ သန်းကနေ ၂၅ သန်းကြားရရှိနိုင်မယ်လို့ ခန့်မှန်းထားကြတာပါ။ ကြာမြင့်ချိန် မိနစ် ၁၃၀ ရှိတဲ့ ဒီကားကိုတော့ နိုဝင်ဘာလ ၂၇ ရက်နေ့မှာ ရုံတင်ပြ သမှာ ဖြစ်ပါတယ်။   နောက်ထပ်မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ နာမည်ကြီးအော်စကာဆု ရှင်မင်းသား Tom Hanks ခေါင်းဆောင်ပါဝင်ထားတဲ့ ဟောလိဝုဒ်ရုပ်ရှင်-A Beautiful Day In The Neighborhood !  Biography Drama အမျိုးအစားရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီကားကိုတော့ အ မေရိကန်အမျိုးသမီးရုပ်ရှင်ဒါရိုက်တာ Marielle Heller က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပြီး Sony Pictures Releasing ကနေ ဖြန့်ချိသွားမှာ ဖြစ်ပါတယ်။ Fred Rogers ဟာ ၁၉၇၀ ပြည့်လွန်ကာလတွေက အမေရိကန်မှာ နာမည်ကြီးတဲ့ ရုပ်သံအစီအစဉ်တင်ဆက်သူတဦးဖြစ်ပါတယ်။ သူ့အကြောင်းကို နာမည်ကျော် မဂ္ဂဇင်းတ စောင်ဖြစ်တဲ့ Esquire မှာ ရေးဖို့ ဆုရနာမည်ကြီးသတင်းထောက် Lloyd Vogel တာ ဝန်ပေးခံခဲ့ရပါတယ်။ Lloyd Vogel ဟာ သူလေးစားချစ်ခင်ရတဲ့ Television Icon တ ယောက်နဲ့ အဲဒီလိုလက်ခံတွေ့ဆုံပြီးနောက်မှာတော့ ခံယူချက်တွေ၊ အမြင်တွေနဲ့ အရာရာ ပြောင်းလဲသွားခဲ့ပုံတွေကို ဘယ်လိုပုံဖော်ထားမလဲဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုရ တော့မှာ ဖြစ်ပါတယ်။  ဒီကားထဲမှာတော့ ဟောလိဝုဒ်နာမည်ကြီး သရုပ်ဆောင်မင်းသား Tom Hanks  နဲ့အတူ သရုပ်ဆောင်မင်းသား Matthew Rhys က အတွဲညီညီ ခေါင်းဆောင်ပါဝင်ထား ပြီး တခြားသရုပ်ဆောင်တွေဖြစ်ကြတဲ့ Susan Kelechi Watson နဲ့ Chris Cooper တို့ကလည်း ပါဝင်ထားကြတာပါ။  IMDb မှာတော့ ဒီရုပ်ရှင်ကားဟာ Rating 6.9 အထိ ရရှိထားတဲ့ ရုပ်ရှင်ကား တကား ဖြစ်ပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေနဲ့ ပြော စကား Dialog တွေက ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့် မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ PG အဆင့် သတ်မှတ်ထားပါတယ်။   ဒီကားကိုတော့ ဘတ်ဂျတ် အမေရိကန်ဒေါ်လာ ၂၅ သန်းအကုန်အကျခံရိုက်ကူး ထားပြီး Box Office မှာ ရုံတင်ပြသမယ့် ပထမသီတင်းပတ်မှာတင် ဝင်ငွေ အမေရိကန် ဒေါ်လာ ၁၅ သန်းလောက် ရရှိနိုင်မယ်လို့ ခန့်မှန်းထားကြတာပါ။   ကြာမြင့်ချိန် ၁၀၇ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ နိုင်ငံတကာမှာ နိုဝင်ဘာလ ၂၂ ရက်နေ့ကတည်းက ရုံတင်ပြသနေတာဖြစ်ပါတယ်။ မူဗီခရေဇီတွေကို နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ နာမည် ကြီး သရုပ်ဆောင်မင်းသားမင်းသမီး ၂ ဦးဖြစ်တဲ့ ပြေတီဦးနဲ့ ရွှေမှုံရတီခေါင်းဆောင်ပါဝင် ထားတဲ့ မြန်မာရုပ်ရှင်-ဆန္ဒဖော်ထုတ်မယ် !ဒီကားကိုတော့ လပ်ကီးဆဲဗင်းရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး ဒါရိုက်တာ ကျော်ဇောလင်းက ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ အချစ်ဟာသဒရာမာ ဇာတ်လမ်းတပုဒ်အနေနဲ့ ပုံဖော်ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကား ထဲမှာတော့ ဧက၊ တီတီ၊ ယျယျစတဲ့ ဇာတ်ကောင်တွေနဲ့ ဘယ်လိုကမောက်ကမဆန်ဆန် ဟာသဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ရိုက်ကူးပုံဖော်ထားမလဲဆိုတာကို ပရိသတ်တွေက ရုံ တင်ပြသတဲ့အခါ စောင့်မျှော်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဒီကားထဲမှာ ပြေတီဦး၊ ရွှေမှုံရတီတို့နဲ့အတူ တခြားသရုပ်ဆောင်တွေဖြစ်ကြတဲ့ ဇေ ယျ၊ ယွန်းရွှေရည်တို့နဲ့ ဟာသ သရုပ်ဆောင်တွေလည်း အများကြီး ပါဝင်ထားကြတာ ဖြစ် ပါတယ်။ ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၃ ရက်နေ့က ရန်ကုန် မြို့၊ သမ္မတရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဒီရုပ်ရှင် Trailer ကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဝင်ရောက်ကြည့် ရှုကြတဲ့ အကြိမ်ရေ ၃ သန်းခွဲကျော်ရှိနေခဲ့တာပါ။ ဒီကားကိုတော့ လာမယ့် နိုဝင်ဘာလ ၂၈ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါ တယ်။ မူဗီခရေဇီတွေကို ဒီတခါ မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ထူးခြားတဲ့ လှည့်ကွက်ပုံစံတမျိုးနဲ့ ရိုက်ကူးပုံဖော်ထားတဲ့ ဟောလိဝုဒ်ရုပ်ရှင်-Queen & Slim !  ဒီကားကိုတော့ နာမည်ကြီးရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Universal Pictures နဲ့ Entertainment One တို့က ဖြန့်ချိတာဖြစ်ပြီး Music Video တွေရိုက်ကူးတာနဲ့ နာ မည်ကြီးတဲ့ ဂရမ်မီဆုအပါအဝင် ထူးချွန်ဆုတွေ ရရှိထားတဲ့ အမျိုးသမီး ရုပ်ရှင်ဒါရိုက်တာ Melina Matsoukas က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။    ဒီကားရဲ့ ဇာတ်လမ်းကျောရိုးကတော့ ထင်မှတ်မထားတဲ့ လှည့်ကွက်တခုကြောင့် ကြုံတွေ့ရတဲ့ ချစ်သူစုံတွဲတတွဲရဲ့ အကြောင်းကို ရင်တထိတ်ထိတ်နဲ့ ရှုစားရမယ့် ဇာတ် လမ်းမျိုးပါ။ Queen နဲ့  Slim တို့က လူငယ်လူမည်းစုံတွဲတတွဲဖြစ်ပါတယ်။ သူတို့ ၂ ယောက်ဟာ ပထမဆုံး Date တဲ့ နေ့မှာတင် ဆိုးဝါးတဲ့ ကံကြမ္မာနဲ့ ရင်ဆိုင်ခဲ့ကြရတာပါ။ ကင်းလှည့်လာတဲ့ ရဲတယောက်နဲ့ ကတောက်ကဆဖြစ်ပြီး သေနတ်နဲ့ မတော်တဆ ပစ် သတ်လိုက်မိရာကနေ တရားခံပြေးတွေအဖြစ်ပြောင်းလဲသွားစေပြီး ဖြေရှင်းလို့မရတဲ့ အ ရှုပ်အထွေးတွေကြား ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ ဒီကားထဲမှာ ရှုစားကြရ မှာ ဖြစ်ပါတယ်။   ဒီကားထဲမှာတော့ လူမည်းသရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ Daniel Kaluuya နဲ့ Jodie Turner-Smith တို့က ခေါင်းဆောင်ပါဝင်ထားကြတာ ဖြစ်ပါတယ်။    ဒီကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ အပစ်အခတ်ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြ ကွင်းပြကွက်တွေနဲ့ ပြောစကား Dialog တွေက အသက် ၁၇ နှစ်အောက် ကလေးငယ် တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်း သူခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထား ပါတယ်။ ဒီရုပ်ရှင်ကားကိုတော့ ဘတ်ဂျတ်အမေရိကန်ဒေါ်လာသန်း ၂၀ အကုန်အကျခံရိုက် ကူးထားပြီး Box Office မှာတော့ ရုံတင်ပြသမယ့် ပထမသီတင်းပတ်မှာတင် ဝင်ငွေ အ မေရိကန်ဒေါ်လာ ၁၁ သန်းရရှိနိုင်မယ်လို့ ခန့်မှန်းထားတာ ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၁၃၂ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် နိုဝင်ဘာလ ၂၇ ရက် နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။  မူဗီခရေဇီတွေကို နောက်ဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ထူးခြား တဲ့ အထူးပြုလုပ်ချက်တွေနဲ့ ရိုက်ကူးထားတဲ့ မြန်မာရုပ်ရှင်-ကိုကိုငလက်မ ! ဒီကားကိုတော့ ရွှေတောင်ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး နေ စိုးသော်ရဲ့ ဇာတ်လမ်း၊ ဇာတ်ညွှန်းကို ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင်က ရိုက်ကူးပုံ ဖော်ပေးထားတာ ဖြစ်ပါတယ်။    ဒီကားထဲမှာတော့ ထူးထူးခြားခြား လူသေးသေးလေး(Miniature)အသွင် အထူး ပြုလုပ်ချက်တွေနဲ့အတူ ဟာသဒရာမာဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ဘယ်လိုပုံဖော်ထားမ လဲဆိုတာကိုတော့ ရုံတင်ပြသတဲ့အခါ ရှုစားကြရတော့မှာ ဖြစ်ပါတယ်။ ဒီကားထဲမှာ ဝါရင့်နာမည်ကြီး သရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ လူ မင်း၊ ထွန်းထွန်း၊ စိုးမြတ်သူဇာ၊ သဉ္ဇာနွယ်ဝင်းတို့က ခေါင်းဆောင်ပါဝင်ထားကြပြီး တခြား သရုပ်ဆောင်တွေလည်း အများကြီး ပါဝင်ထားကြတာပါ။ ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ နိုဝင်ဘာလ ၁၇ ရက်နေ့က ရန်ကုန်မြို့၊ Junction City ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီကားကိုတော့ လာမယ့် နိုဝင်ဘာလ ၂၈ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်လို့ ပ ရိသတ်တွေအတွက် ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်။ Movie Crazy-DVB အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညတိုင်း ၇.၄၅ နာရီ၊ ၉.၁၅ နာရီတွေမှာ DVB TV channel ကနေ ပုံမှန်တင်ဆက်ပေးနေတာဖြစ်ပြီး မ ကြည့်ရှုလိုက်ရသူတွေအတွက် ကြာသပတေးနေ့မနက် ၉.၁၅ နာရီ၊ နေ့လည် ၁၂.၄၅ နာရီ၊ ၃.၁၅ နာရီ၊ သောကြာနေ့ နေ့လည် ၂.၄၅ နာရီ၊ စနေနေ့ မနက် ၁၁.၄၅ နာရီနဲ့ တ နင်္လာနေ့မနက် ၉.၄၅ နာရီတို့မှာ ပြန်လည် ထုတ်လွှင့်ပြသပေးနေတာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ Movie Crazy တွေအတွက် နိုင်ငံတကာနဲ့ မြန်မာရုပ်ရှင်ကား တွေ အကြောင်းကို ကောင်းနိုးရာရာ ရွေးချယ်တင်ဆက်ပေးနေတာဖြစ်ပြီး Movie Crazy-DVB ဆိုတဲ့ Facebook စာမျက်နှာကနေတဆင့်လည်း Like, Share နဲ့ Comment တွေပေးပြီး တော့ အားပေးနိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024