အသက် ၃၈ နှစ်အရွယ် ဝါရင့်ဆွီဒင်တိုက်စစ်မှူး အီဗရာဟီမိုဗစ်ကို ဥရောပ ထိပ်သီးအသင်းကြီး အတော်များများက မျက်စိကျနေဆဲ ဖြစ်ပေမယ့် အင်စတာဂရမ်မှာ တင်ခဲ့တဲ့သူ့ရဲ့ ပိုစ့်ကတော့ အဲဒီအသင်းတွေအားလုံးရဲ့ မျှော်လင့်ချက်ကိုတော့ ပျက်ပြယ်စေခဲ့ပါတယ်။
အတိအလင်း ထုတ်ကြေညာခြင်း မရှိသေးဘူး ဆိုပေမယ့်လည်း မိုဗစ်ကတော့ အင်စတာဂရမ်စာမျက်နှာကနေတစ်ဆင့် ဆွီဒင်ကလပ် ဟမ်မာဘီအသင်း ဂျာဆီ နောက်ကျောမှာ သူ့ရဲ့နာမည်နဲ့ ပိုစ့်တင်ခဲ့တာ ဖြစ်ပါတယ်။
မီလန်မြို့ခံနှစ်သင်း အပါအဝင် အီတလီစီးရီးအေကလပ် အတော်များများက ခေါ်ယူဖို့ ပြင်ဆင်နေခဲ့ပေမယ့် မိုဗစ်ကတော့ မထင်မှတ်ဘဲ ဆွီဒင်ကလပ်ကိုပဲ ရွေးချယ်သွားဖွယ် ရှိနေပါတယ်။
ဥရောပအောင်မြင်မှုကလွဲလို့ ကလပ်အသင်းကြီး တော်တော်များများအတွက် ပြည်တွင်းဆုဖလား အောင်မြင်မှုအများဆုံး ရယူထားခဲ့တဲ့ မိုဗစ်ကတော့ အသက်နဲ့မလိုက်တဲ့ ခြေစွမ်းတွေ ပြသသွားဖို့ ယုံကြည်မှုအပြည့်ရှိနေဆဲ ဖြစ်ပါတယ်။