အမျိုးသားစာကြည့်တိုက် (ရန်ကုန်)ကို နိုင်ငံတော်သမ္မတလာရောက်ကြည့်ရှု
သူဇာလင်း
·
November 27, 2019
အမျိုးသားစာကြည့်တိုက် (ရန်ကုန်) ကို နိုဝင်ဘာလ ၂၇ ရက်မနက်က နိုင်ငံတော်သမ္မတဦးဝင်းမြင့် လာရောက်ကြည့်ရှုခဲ့ပါတယ်။
အမျိုးသားစာကြည့်တိုက် (ရန်ကုန်) ကိုတော့ အမှတ် (၆၀၄၊၆၀၈) ကုန်သည်လမ်း၊ ပန်းဘဲတန်းမြို့နယ်မှာ ပြောင်းရွှေ့ဖွင့်လှစ်ထားပါတယ်။
နိုင်ငံတကာအလယ်မှာ ဝင့်ကြွားစွာနဲ့ ရပ်တည်နိုင်မယ့် အဆင့်မီစာကြည့်တိုက်ကြီး ဖြစ်ပေါ်လာဖို့အတွက် ရည်ရွယ်ပြီး အဆောက်အအုံပြင်ဆင်မှုအပိုင်းကိုတော့ ၂၀၁၇ ခုနှစ်ကတည်းက လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အကုန်မှာ အမျိုးသားစာကြည့်တိုက် (ရန်ကုန်) ကို အများပြည်သူတွေလာရောက်နိုင်ဖို့ စတင် ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။