တရားရုံးကို မထီမဲ့မြင်ပြုရင် ထောင်ဒဏ် ၆ လ ကျခံရဦးမည်
DVB
·
January 29, 2013
ဇန်န၀ါရီ ၂၈ ရက်နေ့က ပြည်သူ့လွှတ်တော်မှာ အပြီးသတ် အတည်ပြုခဲ့ပြီးဖြစ်တဲ့ “တရားရုံးကို မထီမဲ့မြင်ပြုမှု ဥပဒေကြမ်း” ထဲမှာ ပြစ်မှုကျူးလွန်စီရင်ခြင်းခံရသူကို ထောင်ဒဏ်အပြစ်ပေးဖို့ ဆက်လက်ပြဋ္ဌာန်းလိုက်ပါတယ်။
ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းညွန့်က ထောင်ဒဏ်ကို ပယ်ဖျက်ပြီး ငွေဒဏ်ကိုပဲ ထည့်သွင်းဖို့ အဆိုပြုခဲ့ပေမယ့် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီနဲ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်တို့က ထောင်ဒဏ်နဲ့ ငွေဒဏ် ထည့်သွင်းခဲ့ပြီး လွှတ်တော်က အတည်ပြုပေးခဲ့တာ ဖြစ်ပါတယ်။
ဒီအတွက် တရားရုံးကို ပြစ်မှုဆိုင်ရာ မထီမဲ့မြင်ပြုမှုဥပဒေနဲ့ ပြစ်ဒဏ်စီရင်ခြင်း ခံရရင် အမြင့်ဆုံး ထောင်ဒဏ် ၆ လ နဲ့ ဒဏ်ငွေ ကျပ် ၁ သိန်း၊ တရားမမှုနဲ့ဆိုရင် အမြင့်ဆုံး ထောင်ဒဏ် ၃ လနဲ့ ဒဏ်ငွေ ကျပ် ၁ သိန်းချမှတ်ခံရမှာ ဖြစ်ပါတယ်။
အရင် စစ်အစိုးရလက်ထက်က ဒီဥပဒေကို အသုံးပြုပြီး မီဒီယာသမားတွေနဲ့ ရှေ့နေတွေကို ထောင်ဒဏ်တွေ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။