ဆေးခြောက် တရားဝင်ဖြစ်ရေးလှုပ်ရှားသူကို ဒဏ်ငွေ ကျပ် ၂၀၀၀၀ ချမှတ်
ရန်နိုင်ဇော်ဝင်း
·
November 25, 2019
ဆေးခြောက်တရားဝင်ဖြစ်မြောက်ရေးလှုပ်ရှားသူ ကိုစိန်လှမောင်ကို ကျောက်တံတားမြို့နယ် တရားရုံးက ဒဏ်ငွေ ၂၀၀၀၀ ကျပ်ကျခံဖို့ နိုဝင်ဘာ ၂၅ ရက်က လုပ်တဲ့ ပထမဆုံးရုံးချိန်းမှာပဲ အမိန့်ချလိုက်ပါတယ်။
ဆေးခြောက်ကို တရားဝင် ခွင့်ပြုပေးဖို့ နိုဝင်ဘာ ၁၁ ရက်က မဟာဗန္ဓုလပန်းခြံမှာ တောင်းဆိုခဲ့တဲ့အတွက် ကျောက်တံတားမြို့မရဲစခန်းက ငြိမ်းစုစီဥပဒေပုဒ်မနဲ့ အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။
အမှုဖွင့်ခံရတဲ့ ကိုစိန်လှမောင်ကတော့ မြန်မာနိုင်ငံမှာ ဆေးခြောက်တရားဝင်ခွင့်ပြုဖို့အထိ ဆက်လက်လုပ်ဆောင်သွားမယ်လို့ တရားရုံးရှေ့မှာ ပြောဆိုသွားပါတယ်။