မန္တလေးမှာ ဆီဘောက်ဆာမီးလောင် (ဓာတ်ပုံ)
DVB
·
January 28, 2013
ဇန်န၀ါရီ ၂၈ ရက်နေ့ ညနေ ၅ နာရီက မန္တလေးမြို့ ၇၈ လမ်း၊ လမ်း ၄၀နဲ့ ၄၁ လမ်းကြားရှိ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း ဇီဝလောင်စာဆီ (Bio Fuel) အရောင်းဆိုင်ရှိ Good Luck ဆီဆိုင်မှာ ဆီဂါလန် ၇၂၀၀ ဆန့် ဓာတ်ဆီ ဆီဘောက်ဆာမှ ဆီချနေစဉ် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ဆိုင်ဝန်ထမ်း ၃ ဦး ဒဏ်ရာရရှိသည်။
ဆီဘောက်ဆာမှ ဓာတ်ဆီများ ယိုဖိတ်မှုဖြစ်ပွားခဲ့ပြီး ဓာတ်ဆီစီးရာ လမ်းတလျှောက်တွင် မီးလောင်မှုများဖြစ်ပွားခဲ့ကာ မီးသတ်ပေါင်ဒါမှုန့်များဖြင့် အချိန်မီ မီးငြိမ်းသတ်နိုင်ခဲ့ပြီး ဘေးပတ်ဝန်းကျင်သို့ ကူးစက်လောင်ကျွမ်းခြင်းမရှိပေ။
(ဓာတ်ပုံ - ချစ်ကို၊ စူပါ) Read more