ရေးမြို့နယ် လူငယ်ရေးရာကော်မတီဖွဲ့စည်း 

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွက် လူငယ်ရေးရာကော်မတီဝင်  ၁၅ ဦးကို နိုဝင်ဘာ၂၅ ရက် မနက်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမမှာ  ရွေးချယ်ခဲ့ပါတယ်။ အနာဂတ်မှာ လူငယ်တွေဟာ တိုင်းပြည်ရဲ့ အခန်းကဏ္ဍအားလုံးမှာ ဦးဆောင်မှု စွမ်းရည်မြှင့်တင်နိုင်ဖို့နဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံသားကောင်းလူငယ်တွေ ပေါ်ထွန်းလာစေဖို့ ရည်ရွယ်ပြီး လူငယ်ရေးရာ ကော်မတီကို ဖွဲ့စည်းတာဖြစ်ပါတယ်။ နေမျိုးထွဋ် 

//
More News
Up