
Lead Story နိုင်ငံတကာ သတင်း အနုပညာ
Frozen 2 အဲန်နီမေးရှင်းရုပ်ရှင်ကန်ဒေါ်လာ ၁၂၇ သန်းဖြင့် ဝင်ငွေစံချိန်ချိုး

Email This Story :
ပြီးခဲ့တဲ့ သောကြာနေ့က ရုံတင်ပြသခဲ့တဲ့ ဒစ္စနေးရဲ့ နာမည်ကြီး အဲန်နီမေးရှင်းရုပ်ရှင် Frozen 2 ဟာ ပထမသီတင်းပတ်မှာတင် ဝင်ငွေအမေရိကန်ဒေါ်လာ ၁၂၇ သန်း ရရှိခဲ့ပြီး Box Office ရုံတင်ဝင်ငွေ စံချိန်ချိုးနိုင်ခဲ့ပါတယ်။
ဒီကားကိုတော့ နာမည်ကျော် Walt Disney Studios က တင်ဆက်လိုက်တာ ဖြစ်ပြီး အရင်ရုပ်ရှင်ကားကို ရိုက်ကူးခဲ့တဲ့ ဟောလိဝုဒ်ရုပ်ရှင်ဒါရိုက်တာတွေဖြစ်ကြတဲ့ ဒါရိုက်တာ Chris Buck နဲ့ အမျိုးသမီးရုပ်ရှင်ဒါရိုက်တာ Jennifer Lee တို့က ပြန်လည် ရိုက်ကူးပုံဖော်ပေးထား ကြတာပါ။
ဒီကားဟာ ၂၀၁၃ ခုနှစ်မှာ ရုံတင်ပြသခဲ့ပြီး အော်စကာရုပ်ရှင်ထူးချွန်ဆုရ Frozen ရုပ်ရှင်ရဲ့ နောက်ဆက်တွဲရုပ်ရှင်ကားအနေနဲ့ထွက်ရှိလာခဲ့တာဖြစ်ပါတယ်။
ဒီကားထဲမှာ ပရိသတ်တွေ သိကြပြီးဖြစ်တဲ့ ဘုရင်မ Elsa ၊ မင်းသမီး Anna ၊ မင်းသား Kristoff ၊နှင်းလူသား Olaf ၊ ဒရယ်ဖိုကြီး Sven စတဲ့ ဇာတ်ကောင်တွေ ပါဝင်မှာဖြစ်ပြီး ရှေ့ ရုပ် ရှင်ကားးထဲက အဖြစ်အပျက်တွေအပြီး ၃ နှစ်လောက်ကြာသွားပြီးတဲ့နောက် ထူးခြားတဲ့ ဇာတ်လမ်း ဇာတ်ကွက်တွေ၊မတူညီတဲ့ ဇာတ်ဝင်ခန်းတွေနဲ့ ရိုက်ကူးထားခဲ့တာပါ။
ဒီရုပ်ရှင်ကားထဲမှာ သရုပ်ဆောင်မင်းသမီးမင်းသားတွေ ဖြစ်ကြတဲ့ Idina Menzel ၊ Kristen Bell ၊ Jonathan Groff နဲ့ Josh Gad တို့က အသံနဲ့ ပါဝင်သရုပ်ဆောင် ထားကြတာ ဖြစ်ပါတယ်။
Frozen 2 ရုပ်ရှင်ရဲ့ နောက်မှာတော့ ဒုတိယ မြောက်သီတင်းပတ်အဖြစ် ရုံတင်ပြ သခဲ့တဲ့ Sports Drama အမျိုးအစား ရုပ်ရှင် Ford v Ferrari က ပြည်တွင်းရုံတင်ဝင်ငွေ ၁၆ သန်းနဲ့ ရပ်တည်နေခဲ့တာပါ။
Frozen 2 နဲ့ တပြိုင်တည်း ရုံတင်ပြသခဲ့တဲ့ ဟောလိဝုဒ်စတား Tom Hanks ခေါင်းဆောင်ပါ ဝင်တဲ့ A Beautiful Day in the Neighborhood ရုပ်ရှင်နဲ့ လူမည်းမင်းသား Chadwick Boseman ခေါင်းဆောင်ပါဝင်တဲ့ 21 Bridges ရုပ်ရှင်တွေ ကတော့ ရုံတင်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၃ ဒဿမ ၅ သန်းနဲ့ ၉ ဒဿမ ၃ သန်းစီအသီးသီးနဲ့ တတိယနဲ့ စတုတ္ထနေရာတွေမှာ ရှိနေခဲ့တာပါ။
ဒုတိယကမ္ဘာစစ်ပွဲနောက်ခံ အက်ရှင်သမိုင်းဒရာမာ အမျိုးအစားရုပ်ရှင် Midway ကတော့ တတိယမြောက်သီတင်းပတ်အဖြစ်ရုံတင်အပြီး ဝင်ငွေအမေရိကန်ဒေါ်လာ ၄ ဒ ဿမ ၇ သန်းနဲ့ ပဉ္စမနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။