မြန်မာနိုင်ငံ၏ ပထမဆုံး ပုံပြောသူများဖိုရမ်
DVB
·
November 25, 2019
မြန်မာနိုင်ငံရဲ့ ပထမဆုံးအကြိမ် ပုံပြောသူများဖိုရမ် ( Storytelling Forum) ကို ရန်ကုန်မြို့ စိန်ရတုခန်းမမှာ နိုဝင်ဘာ ၂၄ ရက်က ကျင်းပပါတယ်။
Third Story Project နဲ့ မိတ်ဖက်အဖွဲ့အစည်းဖြစ်တဲ့ ဆွေသဟာလူမူအဖွဲ့အစည်းတို့ ပူးပေါင်းကျင်းပတာဖြစ်ပြီး ဒေသအသီးသီးက ပုံပြင်ပြောသူတွေနဲ့ ပုံပြောခြင်း အနုပညာကို စိတ်ဝင်စားသူတွေ တက်ရောက်ပါတယ်။
ပုံပြောခြင်းအနုပညာဟာ လူမှုအသိုင်းအဝိုင်းရဲ့ ပျော်ရွှင်မှု ငြိမ်းချမ်းမှုတို့ကို စကားလုံးတွေ၊ ဇာတ်ကောင်တွေနဲ့ သရုပ်ဖော်တဲ့ အနုပညာဖြစ်ပြီး ဖိုရမ်မှာတော့ ငြိမ်းချမ်းရေးနဲ့ အနုပညာအကြောင်း ဆွေးနွေးပွဲတွေနဲ့ ပုံပြင်တွေကို သရုပ်ဆောင်ပြောကြားတာနဲ့ ဖျော်ဖြေရေး အစီအစဉ်တွေလည်း ထည့်သွင်းကျင်းပခဲ့ပါတယ်။
Photo - JPaing / MPA ၊ ဖုန်းကျော်မိုးမြင့်