ဘရာဇီးနိုင်ငံတောင်ပိုင်း ဆန်တာမာရီယာ (Santa Maria)မြို့က ညကလပ်တခုမှာ မနေ့က မီးလောင်ခဲ့မှုကြောင့် လူ ၂၃၃ ဦးသေဆုံးသွားတဲ့အတွက် ၃ ရက်တာ ၀မ်းနည်းပူဆွေးတဲ့ အထိမ်းအမှတ်အဖြစ် ကြေညာလိုက်ပါတယ်။
သေဆုံးတဲ့သူ အများစုက အသက် ၁၆ နဲ့ ၂၀ အကြား ကျောင်းသားတွေဖြစ်ပြီး အသက်ရှူကြပ်လို့ သေဆုံးခဲ့တာဖြစ်ပြီး သေဆုံးသူ စာရင်းကိုလည်း အာဏာပိုင်တွေက ကြေညာခဲ့ပါတယ်။ အစောပိုင်းက ၂၄၅ ဦး သေဆုံးခဲ့တဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
[caption id="attachment_35832" align="alignleft" width="233" caption="ဓာတ်ပုံ- ရိုက်တာ"]

[/caption]
အနမ်းကစ်လို့ အမည်ရတဲ့ ညကလပ်တခုမှာ တီးခတ်နေတဲ့ တီးဝိုင်းအဖွဲ့ဝင်တဦးက စင်ပေါ်မှာ မီးကို ထွန်းလိုက်ရာကနေ မီးစလောင်တာဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပြီး မီးလောင်ကျွမ်းတဲ့ အကြောင်းအရင်းကို စုံစမ်းနေတယ်လို့ ဆိုပါတယ်။
အရေးပေါ် ထွက်ပေါက် တပေါက်တည်းရှိတဲ့အတွက် အများစုက မလွတ်မြောက်ခဲ့ကြဘဲ အိမ်သာမှာ ပိတ်မိခဲ့တာလို့ ဆိုပါတယ်။
ဘရာဇီးလ်သမ္မတ ဒီမာရိုဆက်ဖ်ကလည်း ချီလီကို သွားရောက်မယ့် ခရီးစဉ်ကို ဖျက်သိမ်းလိုက်ပြီးတော့ မြို့တော်ဆေးရုံမှာ ဒဏ်ရာရသူတွေကို တွေ့ဆုံခဲ့ပါတယ်။ ဆေးရုံမှာလည်း လူ ၁၀၀ လောက် မီးခိုးတွေကို ရှူမိလို့ ဆေးကုသခံနေရပါတယ်။
နှစ် ၅၀ အတွင်း ဘရာဇီလ်းမှာ အဆိုးဝါးဆုံးသော မီးလောင်မှုကြီး ဖြစ်ပါတယ်။