မိုးလေဝသပညာရှင်ဦးထွန်းလွင်အတွက် ပုပ္ပါးတောင်ခြေတွင်အမှတ်တရသစ်ပင်စိုက်
ထွန်းထွန်းသိန်း
·
November 25, 2019
မြန်မာအစိမ်းရောင်ကွန်ရက် ပညာရှင်အဖွဲ့၀င်ဖြစ်တဲ့ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင် ကွယ်လွန်ခြင်းအမှတ် တရအဖြစ် နို၀င်ဘာ ၂၄ ရက်ညနေက ပုပ္ပါးတောင်ခြေ Geo Park မှာကွန်ရက်အဖွဲ့၀င်တွေနဲ့သဘာ၀ပတ်၀န်းကျင်ချစ်ခင်သူတွေစုပေါင်းပြီး သစ်ပင်စိုက်ပျိုးခဲ့ပါတယ်။
မိုးလေ၀သပညာရှင်ဦးထွန်းလွင်အထိမ်းအမှတ်သစ်ပင်စိုက်ပျိုးဖို့ မြသားလွင်ပြင် ဦးကြည်၀င်းက အလှူငွေ ကျပ်တစ်သိန်းလှူဒါန်းခဲ့တာပါ။
မိုးလေ၀သပညာရှင်ဦးထွန်းလွင်အတွက် သစ်ပင်စိုက်ပျိုးခဲ့တဲ့နေရာမှာ ကွယ်လွန်သွားတဲ့ သစ်တောပညာရှင် ဆရာကြီး ဦးအုန်းအထိမ်းအမှတ်အဖြစ်သစ်ပင်တွေ စိုက်ပျိုးထားတဲ့ နေရာလည်း ဖြစ်တယ်။
ပိတောက်၊ကရမက်၊အင်ကြင်းစတဲ့ သစ်ပင် ၁၂ ပင်ကို ကနဦးစိုက်ပျိုးခဲ့တဲ့အပြင် ရွှေနဒီပရဟိတဘုန်းတော်ကြီးကလည်း ဦးထွန်းလွင်အတွက် ရည်စူးအမျှပေးတရားဟောခဲ့ပါတယ်။
မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်ဟာ နို၀င်ဘာ ၄ ရက်နေ့က ရန်ကုန်မြို့မှာကွန်လွန်ခဲ့တာပါ။