A d v e r t i s e m e n t With Us

ဒေါ်အောင်ဆန်းစုကြည်ကို တောင်ကိုရီးယားရောက် မြန်မာများ ရာနှင့်ချီကြိုဆိုမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်ပြည်ထောင်စု ဟာဝိုင်ရီ ခရီးစဉ်အပြီးမှာ ဒီနေ့ ညနေ့ပိုင်းမှာ တောင်ကိုရီယားနိုင်ငံကို ရောက်ရှိမှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ရာနဲ့ချီတဲ့ တောင်ကိုရီးယား နိုင်ငံရောက် မြန်မာနိုင်ငံသားတွေက ကြိုဆိုကြမှာဖြစ်သလို ဒေသခံ သတင်းမီဒီယာတွေမှာလည်း ဒေါ်အောင်ဆန်းစုကြည် အကြောင်းကို တခမ်းတနား ဖော်ပြကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်ကိုရီးယားခရီးစဉ်နဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ တောင်ကိုရီးယား ဌာနခွဲက ကိုရန်နိုင်ထွန်းနဲ့ ဆက်သွယ်မေးမြန်းထားတာကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up