DVB

  • သတင်း
    • ဓာတ်ပုံ
    • နိုင်ငံရေး
    • ရွေးကောက်ပွဲ
      • ၂၀၁၅ ရွေးကောက်ပွဲ
    • စီးပွားရေး
    • နည်းပညာ
    • ကျန်းမာရေး
    • ပညာရေး
    • လူမှုရေး
    • ဘာသာရေး
    • စစ်ရေး
    • အနုပညာ
    • မှုခင်း
    • အားကစား
      • ONE CHAMPIONSHIP
    • သဘာဝပတ်ဝန်းကျင်/ရာသီဥတု
    • သတင်းမီဒီယာ
    • လယ်သမား
    • အလုပ်သမား
    • နိုင်ငံတကာ
    • တိုင်းရင်းသားရေးရာ
  • ဆောင်းပါး
    • သုံးသပ်ချက်
    • အာရွ​ေဒသ
  • အယ်ဒီတာအာဘော်
  • မေးမြန်းခန်း
  • ရင်ဖွင့်စာ
  • ငြိမ်းချမ်းရေး
  • ရွေးကောက်ပွဲ
    • ၂၀၂၀ ရွေးကောက်ပွဲ
    • Any Questions?
    • စဉ်းစဉ်းစားစား မဲတပြား
    • Your Vote
    • Party Profiles
    • My Vote
    • Election Bus
DVB

Lead Story ရင်ဖွင့်စာ

ရင်ဖွင့်စာ

  • By DVB
  • 24 November 2019
  • Print
  • Email
    • Tweet

Email This Story :

  • Send Story

မိတ္ထီလာ  အောင်ဇေယျာ ၁၂ နယ်မြေအရှေ့ပိုင်း  ကြက်ခြံက အနံ့ဆိုးများကြောင့် အခက်ကြုံ

မိတ္ထီလာ၊ အောင်ဇေယျာ ၁၂ နယ်မြေ အရှေ့ပိုင်းမှာ မြေပြင်အတတ်သင် လေတပ်ထဲက ကြက်ခြံကထွက်တဲ့ ကြက်ချေးပုပ်နံ့ဟာ ၂၄ နာရီ တော်တော်နံနေပါတယ်။ ညဆိုလည်း တညလုံး နံလို့ အိပ်မရပါဘူး။ နေ့ဆိုရင်လည်း ထိုအပုပ်နံ့ကြောင့် တခြားနရောကို ရှောင်ပြေးနေရပါတယ်၊ အိမ်မှာ မနေနိုင်ပါဘူး။ သူတိုကြက်ခြံက တပ်ခြံစည်းရိုးနားမှာဆိုတော့ ရပ်ကွက်နဲ့ တအားနီးပါတယ်။ ရပ်ကွက်ထဲ အငြိမ်းစား ဝန်ထမ်း သက်ကြီးရွယ်အို ကျန်းမာရေး မကောင်းတဲ့သူတွေေ အတော်များပါတယ်။ ဆိုးရွားလွန်းတဲ့ ကြက်ချေးပုပ်နံ့ကို မခံနိုင်လို့ ဒီဗွီဘီကတဆင့် တာဝန်ရှိသူတွေ သိအောင် တင်ပြလိုက်ရပါတယ်။

–အမည်မဖော်လိုသူ ဒေသခံတဦး

 

 

ရေစကြိုမြို့နယ်က ရှော့တိုက်ငါးဖမ်းလှေများ အရေးယူပေးပါ

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်မှာ ရှော့တိုက်ငါးဖမ်းလှေများ သောင်းကျန်းနေကြပါသည်။ ဧရာဝတီနှင့် ချင်းတွင်းမြစ်ဆုံဒသမှာ လုပ်စားနေကြတာပါ။ နေ့ခင်း ကြီးမှာ ရွာဘေးတွေမှာ လာဖမ်းနေကြတာပါ။ ရှော့ရိုက်နေတာကို မသိလို့ ကလေးသူငယ်များနှင့် ရွာသူရွာသားများ ရေဆင်းချိုးမိပါက အသက်အန္တရာယ်ကို ဆုံးရှုံးသွားနိုင်သည့်အတွက် သက်ဆိုင်ရာ အထက်လူကြီးများ သိစေရန် တင်ပြပေးစေချင်ပါတယ်။

–ဒေသခံတဦး

 

 

နတ်တလင်းမြို့နယ် ညောင်ငုတ်တိုနှင့် ကံလယ်ရွာကြား ချောင်းကူးတံတား ပြင်ပေးပါ

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် အနောက်ဘက်မှ ညောင်ငုတ်တိုနဲ့ ကံလယ်ရွာကြား ချောင်းကူးတံတားကျိုးနေတာ အစိုးရအနေနဲ့ ပြင်စေချင်ပါတယ်။ အရင်တံတားလ◌ည်း လုပ်သွားတာ အရည်အသွေးမမီလို့ ပျက်စီးသွားတာပါ။ ရွာပေါင်း ၅၀ က ပြည်သူများ သွားလာ၍ လယ်ယာထွက်ကုန်များလည်း မြို့သို့ပို့နေသော တံတားဖြစ်ပါတယ်။ လမ်းတွေလည်းမကောင်းပါ။ ဒီဗွီဘီကတဆင့် ကူပြောပြပေးပါနော်။ –မူအေး

 

သူခိုး သောင်းကျန်းနေတယ်လို့ ရင်ဖွင့်လာတဲ့ ပင်းတယက စိုက်ပျိုးရေးသမားလေး

ကျနော်က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရေဒေသ၊ ပင်းတယမြို့နယ်၊ ကျုံးကျေရွာက စိုက်ပျိုးရေးသမားပါ။ ကျနော်တို့ ကျုံးကျေရွာလေးမှာ အခုတလော သူခိုးတွေလည်း သောင်းကျန်နေပါတယ်။ လိုင်စင်မဲ့အရက်ဆိုင်တွေ၊ ဖဲဝိုင်းတွေလည်းပေါ။ တချို့စားသောက်ဆိုင်တွေက ဆိုင်ကိုဗန်းပြပြီး နောက်ဖေးမှာ ဖဲဝိုင်ထောင်နေကြတယ်။ ၇ ရွာ အုပ်ချုပ်တဲ့ ရွာသူကြီးကလည်း အရက်ဖြန့်ချိရေးဆိုင် ဖွင့်ထားတော့ အရက်ဆိုင်တွေလည်းပေါ၊ နောက်ပြီး ကျနော်တို့ ကျုံးကျေရွာလေးမှာတော့ လိူင်စင်မဲ့ ကားတွေကလည်းပေါ။ အစိုးရဝန်ထမ်းတွေကလည်း လိူင်စင်မဲ့ကားတွေကို မောင်းနေကြတယ်။ ကျုံးကျေရွာက အကျင့်ပျက် ခြစားနေတဲ့ သစ်တောဝန်ထမ်းတွေ၊ ရဲစခန်းဝန်ထမ်းတွေကိုလည်း ဥပဒေနဲ့အညီ အရေးယူ စိစစ်ပေးစေလိုပါတယ်။

 

တောင်ကုတ်မြို့၊ တပ်ရှောင်လမ်းက ကားဂိတ်ကြောင့် သွားလာရေးခက်ခဲ

ရခိုင်ပြည်နယ် သံတွဲခရိုင်၊ တောင်ကုတ်မြို့၊ တပ်ရှောင်လမ်းမဟာ ရန်ခေါ်ကျေးရွာ ဆိပ်ကမ်းသစ် ခုတင်တရာ ဆေးရုံ၊ နာရေး နဲ့ ကျောင်းသူ၊ ကျောင်းသား အများပြည်သူများ သွားလာနေသော လမ်းမကြီး ဖြစ်ပါတယ်။ ကုတင် ၁၀၀ ဆေးရုံရှိသည့်အတွက် အရေးပေါ်လူနာတင်ကားများ၊ နာရေးပို့ဆောင်ခြင်းလုပ်ငန်းများ၊ ကျောင်းသူကျောင်းသားများ၊ အခြားသော သွားလာလှုပ်ရှား‌နေကြပါတယ်။  ဖော်ပြပါလမ်းမှာ ဖွင့်လှစ်ထားတဲ့ ကားဂိတ်က ပိတ်ဆို့ပြီး လူတင်လူချ/ကုန်တင်ကုန်ချ ပြုလုပ်နေတာကြောင့် သွားလာမှု နှောင့်နှေးနေကြရပါတယ်။ သို့ဖြစ်ပါ၍ ၎င်းလမ်းမပေါ်ရှိ ကားဂိတ်များ၊ လမ်းမပေါ်သို့ ထိုးထွက်နေသောအမိုးများ မည်သည့်ယာဉ် မဆို ဘာကြောင့်ရပ်ရပ် လမ်းလွတ်အောင်ရပ်ပြီး ကားဂိတ်အား ဖယ်ရှား ရှင်းလင်းပေးပါရန်နှင့် ကုန်တင်ကုန်ချ မပြုလုပ်ကြပါရန် သက်ဆိုင်ရာရုံးဌာနများ သိစေနိုင်ဖို့ တင်ပြလိုက်ရပါတယ်။

—အောင်အောင်ထက် 

 

စစ်တွေ လမ်းဘေးဈေးစည်ပင်ကိစ္စ ဖြေရှင်းပေးပါ

ကျနော်တို့ စစ်တွေမြို့မှာ စည်ပင်က လမ်းဘေးစျေးသည်များ စျေးမရောင်းရ၊ လမ်းဘေးမှာအိမ်ဆောက်မည့် သဲမပုံရ ဆော်ဩပြီး သိပ်မကြာပါ။ စည်ပင်ကိုယ်တိုင် စျေးကောက်ပြီး စျေးသည်များ အုပ်စုလိုက် မနက် ၆ နာရီက ည ၆ နာရီချိန်ထိ မိုက်ကြေးခွဲပြီး တားမရနိုင်အောင် ဖွင့်လှစ်နေပါတယ်။ အိုးတန်းရပ်ကွက်၊ သာဇံလှလမ်းပေါ် စျေးသည်များအား သက်ဆိုင်ရာက ကွင်းဆင်း ကြည့်ရှုစေလိုပါတယ်။

–မင်းမင်း

Tags: ရင်ဖွင့်စာ

  • Previous story သိမ်ဖြူခုံးတံတားအောက် မိန်းကလေးငယ်အား အဓမ္မကျင့်၊ အလောင်းစွန့်ပစ်ခဲ့သူ ၂ ဦးကို ဖမ်းမိပြီ
  • Next story ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ဂျပန်ခရီးစဉ်တွင် နာဂါဆာကီနှင့် ဟီရိုရှီးမားမြို့များသို့ သွားရောက်
  • 2020Election
  • TV Live

  • DVB TV News – ရုပ်သံ သတင်း

  • Facebook Any Question
  • DVB – Today Special Show

  • Ethnic

    Facebook

    DVB SMS

    Facebook

  • သတင်းဓာတ်ပုံ

    • gallery

      မုန့်ဖက်ထုပ်ရောင်းပြီး မိသားစု ဝင်ငွေရှာပေးနေတဲ့ ၉ နှစ် ကလေးငယ် (ဓာတ်ပုံ)

    • gallery

      ဦးဝီရသူနှင့်အကျဥ်းသားများ ရုံးထုတ်ခွင့်ရရှိရေး ဆန္ဒပြ၊ ၁ ဦး ဖမ်းဆီးခံရ (ဓာတ်ပုံ)

    • gallery

      ကိုဗစ်ကာကွယ်ရေးအတွက် အဝါရောင်ကမ်ပိန်း တညင်းကုန်းဈေးတွင် ပြုလုပ် (ဓာတ်ပုံ)

    • gallery

      ကန်တော်ကြီး မြေပဒေသာကျွန်းရှိ စိုက်ပျိုးရေးဆိုင် မီးလောင်

    • gallery

      မြန်မာ့ရုပ်ရှင်ရာပြည့် အထိမ်းအမှတ် ဝဇီရာရုပ်ရှင်ရုံဟောင်းတွင် ပိုစတာများပြသ (ဓာတ်ပုံ) 

  • DVBSatellite

    DVB LAW LAB

    Movie Crazy

    Talk to DVB

  • Most Popular

    • Viewed
    • Comments
    • Recent
    • 01 ရန်ကုန်တိုင်း မြို့နယ်ပေါင်း ၂၀ ကျော် လျှပ်စစ်မီး အချိန်ပိုင်း ပြတ်တောက်မည်
    • 02 အင်ဒိုနီးရှားပျက်ကျလေယာဉ်၏ Black box  တည်ရှိရာနေရာ တွေ့ရှိ
    • 03 အောင်မင်္ဂလာ ကားဝင်းအတွင်း ကျပ်သိန်း ၉၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းမိ
    • 04 တူမ၏မဖွယ်မရာဓာတ်ပုံပြသခဲ့သည့် အမျိုးသား ၁ ဦးကို ဦးလေးဖြစ်သူက သတ်မှုဖြစ်ပွား
    • 05 မကွေးမြို့နယ်တွင် တရားမဝင် ဝက်ပေါ်နေမှုကို ဖမ်းဆီးရာက ရုန်းရင်းဆန်ခတ်ဖြစ်
    • 01 ဝယ်လက်မရှိသဖြင့် မုံရွာ ကျောက္ကာရေနံချက်ဖိုလုပ်ငန်း ၁၅၀ ခန့် ရပ်နား
    • 02 အသင်းတိုင်းကို အနိုင်ယူနိုင်သည့် ယုံကြည်ချက်ရှိဟု မက်ဂွိုင်းယား ပြော
    • 03 ဆလုံကျွန်းအနီး ငါးသယ်လှေနစ်မြုပ်၊ ရေကြောင်းရဲက ကူညီကယ်ဆယ်
    • 04 ကြို့ပင်ကောက် ရွှေညီလာခန်းမဆောင် ကွာရန်တင်းစင်တာကို ဦးဇင်းတပါးက မီးရှို့
    • 05 တန့်ဆည်မြို့တွင် မီးလောင်မှုကြောင့် နေအိမ် ၁ လုံးနှင့် ကား ၂ စီးဆုံးရှုံး
    • 01 အသင်းတိုင်းကို အနိုင်ယူနိုင်သည့် ယုံကြည်ချက်ရှိဟု မက်ဂွိုင်းယား ပြော
    • 02 လစ်ဗျား တာဟွန်နာမြို့တွင် အစုလိုက်မြှုပ်ထားသည့် မြေပုံထဲက အလောင်း ၂ လောင်း ထပ်တွေ့
    • 03 ဖာနန်ဒက်စ်ကို လီဗာပူးနည်းပြ ကလော့ပ်ချီးကျူး
    • 04 လားရှိုးတွင် ကျပ်သိန်း ၂၄၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းမိ
    • 05 ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ်ကို နီပေါ တောင်တက်သမားများ အောင်မြင်စွာ တက်ရောက်နိုင်
  • DVB
  • Facebook
  • Live
  • Audio
  • Video
  • သတင်း
  • နိုင်ငံရေး
  • စီးပွားရေး
  • လူမှုရေး
  • ကျန်းမာရေး
  • ဘာသာရေး
  • ပညာရေး
  • အလုပ်သမား
  • လယ်သမား
  • အနုပညာ
  • စစ်ရေး
  • မှုခင်း
  • နိုင်ငံတကာ
  • သတင်း
  • အာရှဒေသ
  • အားကစား
  • ဆောင်းပါး
  • ေရဒီယုိ
  • DVB Radio Daily
  • Ethnic Radio
  • မေးမြန်းခန်း
  • လွှတ်တော်ရေးရာ
  • သုံးသပ်ချက်
  • သတင်းတို
  • Privacy Policy
  • Contact

© Copyright 2013 DVB.