Sunday, June 11, 2023
Homeမြန်မာသတင်းနိုင်ငံရေးပအို၀္းလက္နက္ကိုင္အဖြဲ့ ဆက်ဆံရေးရုံး တောင်ကြီးတွင် ဖွင့်လှစ်

ပအိုဝ်းလက်နက်ကိုင်အဖွဲ့ ဆက်ဆံရေးရုံး တောင်ကြီးတွင် ဖွင့်လှစ်

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (ပီအန်အယ်လ်အို) ပထမဆုံးဆက်ဆံရေးရုံးကို တောင်ကြီးမြို့မှာ ဖွင့်လှစ်လိုက်ပါတယ်။

ပြည်နယ်အဆင့် ငြိမ်းချမ်းသဘောတူညီမှုတွေ ရရှိအပြီး ၅ လ အကြာ ဇန်န၀ါရီ ၂၆ ရက်နေ့က  ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (ပီအန်အယ်လ်အို)က ပထမဆုံး ဆက်ဆံရေးရုံးကို တောင်ကြီးမြို့ ကန်ကြီးရပ်ကွက်မှာ ဖွင့်လှစ်ခဲ့တာပါ။ ဒီဆက်ဆံရေးရုံးကနေ အစိုးရနဲ့ စစ်ရေး၊ နိုင်ငံရေးကိစ္စတွေကို အဓိက လုပ်ဆောင်သွားဖို့ ရှိနေတာ ဖြစ်ပါတယ်။

ဗိုလ်မှူးကြီး ခွန်သူရိန်

ပီအန်အယ်လ်အို တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) ဗိုလ်မှူးကြီးခွန်သူရိန်က “ပြည်နယ်အဆင့်အပစ်ခတ်ရပ်စဲရေးလုပ်ခဲ့တုန်းကတော့ မောက်မယ်မှာ ၁ ရုံး၊ ဆီဆိုင်မှာ ၁ ရုံးနဲ့ တောင်ကြီး ၁ ရုံး သဘောတူညီချက်အရ ရှိထားတယ်။”

ဒါ့အပြင် ပီအန်အယ်လ်အိုအနေနဲ့ တနိုင်ငံလုံးအတိုင်းအတာ ငြိမ်းချမ်းရေးလုပ်ငန်း ဖော်ဆောင်မှုတွေမှာ ပါဝင်သွားမယ်လို့ ဆိုပါတယ်။

“တပြည်လုံးအတိုင်းအတာအရဆိုရင် စစ်ရေးစစ်ငွေ့တွေလုံးဝ ပပျောက်သွားပြီး တကယ်ငြိမ်းချမ်းတဲ့ တိုင်းပြည်ကြီးတခုဖြစ်ဖို့ တတ်နိုင်တဲ့ တဖက်တလမ်းကနေ အားပေးဆောင်ရွက်သွားမယ်။”

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး (ပီအန်အယ်လ်အို) အဖွဲ့ကို အက်စ်ပီအန်အယ်လ်အို ခွဲထွက် ခွန်တိဆောင် ခေါင်းဆောင်တဲ့ ပီအန်အယ်လ်အိုအဖွဲ့၊ ဗိုလ်မှူးကြီး ခွန်ဥက္ကာ ဦးဆောင်တဲ့ ပီပီအယ်လ်အိုအဖွဲ့ဝင်တွေအပြင် အခြား ပအိုဝ်းလူမှုအခြေပြုအဖွဲ့အစည်းတွေနဲ့ စုပေါင်းပြီး ၂၀၀၉ ခုနှစ်က ပြင်ဆင် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

ပအိုဝ်းတိုင်းရင်းသားတွေဟာ ရှမ်းပြည်တောင်ပိုင်းအပြင် ကရင်နီ(ကယား) ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းတွေမှာ ပြန့်ကျဲနေထိုင်တဲ့ တိုင်းရင်းသားမျိုးနွယ်စု တခုလည်း ဖြစ်ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular